Thursday, December 11, 2008

ဘန်ကောက်ဖိနပ်စက်ရုံတစ်ရုံကို ထိုင်းပုလိပ်ဝင်ဖမ်း

ကျော်သောင်း

ဒီဇင်ဘာ ၉ ရက်နံနက် ပိုင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့  စမွန်ပရကန် ဘန်ဖိယိုင် ဘန့်ချလုံ ရှိ အဲရိုဆော့ aerosoftဖိနပ်စက်ရုံကို ထိုင်းပုလိပ်များဝင်းရောက်စစ်ဆေးရာ အလုပ်သမားကဒ်မရှိသူ မြန်မာအလုပ်သမား ၃၀၀ ခန့် ဖမ်းဆီးရမိသည်။အဖမ်းခံရသူများ ထဲတွင်မိန်းကလေးအလုပ်သမားအများစုဖြစ်ပြီးအလုပ်လုပ်ကိုင်နေထိုင်ခွင့်(ဘတ်)ရှိသူ၂၀၀ နီးပါး သာလွတ်သွားသည် ဟုဆိုသည်။


ဘတ်ရှိ၍လွတ်မြောက်ကျန်နေခဲ့သူ အလုပ်သမားကိုကျော်စိုးပိုင်က “ကျနော်က ညဆိုင်းဆင်းတယ်။ လူတွေ
ရုန်းရင်းဆန်ခတ်ထွက်ပြေးသံကြားလို့ကျနော်နိုးလာတာ ပုလိပ်ကားကြီးသုံးစီးနဲ့ဝင်ဖမ်းတာ ထွက်ပေါက်ရှိ
တဲ့နေရာတွေ ကျနော်အော်ပြောလို့ လွတ်သွားတယ်”ဟုပြောသည်။

ဘတ်မရှိသော်လည်း သစ်သားသေတ္တာထဲတွင် ပုန်းအောင်း၍လွတ်မြောက်ကျန်နေခဲ့သော မွန်ပြည်နယ်
မုပလ္လင်သူ မဝေမာ က “တောမောပုလိပ်တွေဝင်လာတယ် ဘတ်ရှိတဲ့လူတွေကိုချန်ထားပြီဘတ်မရှိတဲ့လူ
တွေကိုခေါ်ထုတ်တယ် ကျမလည်းအစောင့်ကိုအကူအညီတောင်းပြီး သစ်သားသေတ္တာထဲဝင်ပုန်းနေလိုက်
လို့လွတ်သွားတာပါ၊ ကျမယောက်ျားလည်းသံဆူးကြိုးကို မ ပြီးထွက်ပြေးလို့လွတ်သွားတယ်။ ဒါပေမယ့်ခုကျမနဲ့
မတွေ့ရသေးဘူး ကျမထင်တယ်ပုန်းနေခဲ့တဲ့သူတွေနဲ့ခြံဖေါက်ပြီးပြေးတဲ့လူတွေပါဆိုရင် ရှစ်ဆယ် ကိုးဆယ်
လောက်လွတ်သွားတယ်ထင်ထယ်’’ဟုပြောသည်။

အလားတူပုန်းအောင်းလွတ်မြောက်ခဲ့သူ တောင်ကြီးရှမ်းအမျိုးသမီး အန်တီငွေ ကလည်း “ကျမတော့စက်ခုန်တွေ
အောက်ကိုဝင်းပြီးပုန်းနေလို့လွတ်သွားတယ် ကျမတူမ တစ်ယောက်ပါ သွားတယ် အဖမ်းခံရသူတွေကမွန် ကရင်နဲ့ဗမာတွေများတယ်ဆိုတော့ သူတို့တွေက မဲဆောက်
မြ၀တီနယ်စပ်ကို ရောက်ပေမယ့် ကိစ္စမရှိဘူးပေါ့နှော် ကျမတူမကျတော့ အဲဒီမှာအသိလည်းမရှိ မယ်ဆိုင်
ဘက်ကို ပို့အောင်ဘယ်လို အကူအညီပေးနိုင်ကြမလဲနှော်’’ဟုပြောသည်။
ဘတ်မရှိပဲကျန်နေခဲ့သောအလုပ်သမားများရှောင်တိမ်းနိုင်ရေ အတွက်ကူညီဆောင်ရွက်ပေးနေသူ
ကိုကျော်စိုးပိုင်က “နေ့လည်တစ်နာရီလောက်မှာ ကျန်နေခဲ့တဲ့အလုပ်သမားတွေကို စာရေးမတွေကအလုပ်
ပြန်ဆင်းခိုင်းနေတယ်။ သူတို့တွေကိုဘယ်သူကတာဝန်ယူ ဖြေပေးမှာလဲ တစ်ချို့ ကိုကျနော်တားလို့ ရတဲ့သူ
တွေမဆင်းပေမယ့် အချို့ ဆင်းသွားကြတယ်။ နှစ်နာရီလောက်မှာပုလိပ်တစ်ယောက် ဆိုင်ကယ်နဲ့ရှေ့ ပြေးလာ
တယ်။ ၀င်ဖမ်းအုံးမယ်ထင်တယ်ဗျာ။ ကျနော်တို့ညဆိုင်းသမားကိုးဆယ်လောက်တော့ အဖမ်းမခံလိုက်ရဘူး’’ ဟုပြောသည်။
ဖိနပ်ရုံမှအလုပ်သမားများအားလုံး တစ်ပတ်စာလုပ်အားခမထုတ်ရသေးကြောင်း ယခင်ကပုလိပ်ဖမ်းတာမရှိဖူး
ကြောင်းယခုဖမ်းဆီးခြင်းမှာ လုပ်ငန်းရှင်မှ တဖက်လှည့်ဖြင့် အလုပ်သမားလျော့ချခြင်းဖြစ်နိုင်ကြောင်းစက်ရုံ
အလုပ်သမားများကယူဆနေကြသည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်း(BAT)စည်းရုံးရေးမှူး ဒေါ်သက်သက်ဦး က “ကျမတို့အသင်းမှာ ကိုယ်ထူကိုယ်ထ စစ်ဟောက် အခန်းတစ်ခန်းရှိတာပေါ့နော် အဲဒီမှာဆန့်သလောက် ထားပေးမယ်ဘေးကအခန်းကိုလည်းအကူအညီ တောင်းပြီး ထားပေးမယ် သူတို့အလုပ်အကိုင်အဆင်ပြေတဲ့အချိန်ထိပေါ့ တတ်နိုင်သလောက်တော့အကူအညီပေးမှာပါ’’ဟုပြောသည်။
ကမ္ဘာ့စီးပွားရေးကျဆင်းမှုနောက်ပိုင်း ထိုင်းနိုင်ငံသည်လည်းစီးပွားရေးကျဆင်းလျှက်ရှိရာ နိုင်ငံအ၀ှမ်းနေရာအတော်များများ တို့တွင် အလုပ်သမားများအလုပ်ထုတ်ခံရခြင်း များကြားသိနေရသည်။

No comments: