Tuesday, April 29, 2008

ရှယ်ဗရွန်ကုမ္ပဏီ မြန်မာ့လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ကျူးလွန်

Reuters/ ၂၉ ဧပြီ ၂၀၀၈

မြန်မာနိုင်ငံရှိ ဓာတ်ငွေ့ပိုက်လိုင်းတလျှောက် လူ့အခွင့် အရေးချိုးဖောက်မှုများတွင် အမေရိကန်ကုမ္ပဏီကြီး တခုဖြစ်သည့် ရှယ်ဗရွန် ကော်ပိုရေးရှင်း ပါဝင်ပတ် သက်နေပြီး တရားစွဲခံရနိုင်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့တခုက ယနေ့စွပ်စွဲလိုက်သည်။

ကပ္ပလီပင်လယ်ပြင်ရှိ ရတနာကမ်းလွန် သဘာဝ ဓာတ်ငွေ့လုပ်ကွက်မှ ထိုင်းနိုင်ငံသို့ သယ်ယူသည့် ဓာတ်ငွေ့ပိုက်လိုင်းတလျှောက် လုံခြုံရေးယူထား စဉ်အတွင်း မြန်မာစစ်တပ်က လူသတ်မှု၊ မုဒိမ်းမှု များအပါအ၀င် ညှဉ်းပန်းနှိပ်စက်မှုများ ကျူးလွန် ခဲ့သည်ဟု လူပေါင်း (၇၀) ကျော်တို့နှင့်တွေ့ဆုံ မေးမြန်းကာပြုစုထားသည့် EarthRights International (အီးအာအိုင်) အဖွဲ့က ယနေ့ထုတ် အစီရင်ခံစာတွင် အခိုင်အမာ ပြောဆိုသည်။

စစ်တပ်သည် မြန်မာလူထုကို ကင်းတဲများ ဆောက်ခိုင်းခြင်း၊ ပိုက်လိုင်း တလျှောက်လုံခြုံရေး
တာဝန်ယူခိုင်းခြင်းနှင့်၊ လမ်းများကို ထိန်းသိမ်းစောင့်ရှောက်ခိုင်းခြင်းတို့ကို အဓမ္မပြုလုပ်ခဲ့သည်
ဟုလည်း ၎င်းတို့က ဆိုသည်။

“မြန်မာပြည်သူလူထုတွေဟာ သူတို့ရဲ့ကာယစွမ်းအင်၊ သူတို့ရဲ့သွေးချွေးမျက်ရည်တွေနဲ့ ပိုက်လိုင်း ကို ဖောက်ခဲ့ရပါတယ်၊ မြန်မာပြည်မှာ လူသားစွမ်းအင်ဆိုတဲ့အဓိပ္ပာယ်ဆိုတာ အဲဒါပါပဲ” ဟု အီးအာ အိုင်အဖွဲ့ ဒါရိုက်တာ ကေတီရက်ဒ်ဖို့ဒ်က ပြောသည်။

ရှယ်ဗရွန်ကုမ္ပဏီ၏ တာဝန်ရှိမှုများကို မြန်မာလူထုက အမေရိကန် တရားရုံးတော်၌ တင်ပြနိုင် ကြောင်းနှင့် သက်သေအထောက်အထားများ လုံလုံလောက်လောက်ရှိထားကြောင်း အီးအာအိုင် အမှုဆောင်ဒါရိုက်တာ ကစောဝါက ပြောကြားသည်။ ၎င်းက “ကျနော်တို့ရဲ့ အဓိကရည်ရွယ် ချက်ကတော့ ပိုက်လိုင်းတလျှောက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်သွားစေဖို့ပါပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင်း လုပ်ဆောင်နေသည့် စီမံကိန်းများကို ဆိုင်းငံ့ထားရန်၊ အသစ်ထပ်မလုပ်ရန်နှင့် စစ်အစိုးရကို ငွေကြေးပံ့ပိုးပေးသည့် ဓာတ်ငွေ့များ မရောင်းချရန်တို့ကို ရှယ်ဗရွန်နှင့် အခြားရေနံ နှင့်ဓာတ်ငွေ့ကုမ္ပဏီများကို အီးအာအိုင်က တောင်းဆိုထားသည်။

ထို့အပြင် ပိုက်လိုင်းစီမံကိန်းတွင် မြန်မာစစ်တပ်ဖွဲ့ဝင်များကို လုံခြုံရေးအတွက် အသုံးမပြုရန်နှင့် ရှယ်ဗရွန်ကုမ္ပဏီအနေဖြင့် ၎င်း၏ သြဇာအရှိန်အ၀ါကို အသုံးပြု၍ လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်နေသည့် စစ်အစိုးရကို ဖိအားပေးရန်လည်း အကြံပြုထားသည်။

ရတနာဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့် ပတ်သက်သည့် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက် များမှာ အခြေအမြစ်မရှိဟု ရှယ်ဗရွန်ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ ကာ့တ်ဂလော်ဘစ်ဇ် က ပြန်လည် တုံ့ပြန်ပြောကြားသည်။

အဆိုပါစီမံကိန်းမှ ဒေသတွင်းရှိ လူများလိုအပ်နေသည့် စွမ်းအင်ကို ဖြည့်စွမ်းပေးခဲ့ပြီး အရေးပါ သည့် ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံအဆောက်အအုံ အစီအမံများ ပံ့ပိုးပေးခဲ့သည်ဟု ၎င်းက ပြောသည်။

ရတနာဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် ရှယ်ဗရွန်သည် (၂၈) ရာခိုင်နှုန်း အစုရှယ်ယာ ထည့်ဝင် ထားပြီး ပြင်သစ် တိုတယ်ကုမ္ပဏီက (၃၁) ရာခိုင်နှုန်း ထည့်ဝင်ကာ ထိုင်းမှ ပီတီတီကုမ္ပဏီ၊ စစ်အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့နှင့်အတူ စပ်တူလုပ်ကိုင်နေခြင်း ဖြစ်သည်။

ထိုစီမံကိန်းလုပ်ငန်းသည် မြန်မာစစ်အစိုးရအတွက် အရေးပါသည့် အသက်သွေးကြောဖြစ်ပြီး ယခုနှစ်အတွင်း အမေရိကန် ဒေါ်လာ (၁) ဘီလီယံ ၀င်ငွေရကြောင်း အီအာအိုင်က ပြောသည်။

ရှယ်ဗရွန်ကုမ္ပဏီသည် နိုင်ဂျီရီးယားနိုင်ငံ၌ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အီကွေဒေါနိုင်ငံ၌ သဘာ ၀ပတ်ဝန်းကျင် ပျက်စီးမှုတို့ဖြင့်လည်း တရားရင်ဆိုင်ခဲ့ရပြီးဖြစ်သည်။

Source

No comments: