Monday, April 28, 2008

စင်ကာပူ မျိုးချစ်မြန်မာများ အတွက် မဲပေးခွင့် တိုးလိုက်ပြီ

Sunday က မဲမပေးလိုက်ရသော စင်ကာပူမှ မျိုးချစ်မြန်မာများ အတွက် မဲပေးရက်ကို ယနေ့ တိုးမြှင့် သတ်မှတ်ပေးလိုက်သည်။

စင်ကာပူ မြန်မာသံရုံး ၀န်ထမ်းများ အပြောအရ အထက်က ညွန်ကြားသည့် အတိုင်း ဧပြီ ၃၀ ရက်၊ မေ ၁ ရက်နေ့နှင့် မေ ၂ ရက်နေ့ အထိ ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဟု ရေးသားထားသော ကြေညာစာရွက်ကို စင်ကာပူ မြန်မာ သံရုံးတံခါးဝမှာ အောက်တွင် မြင်ရသည့် အတိုင်း ချိတ်ဆွဲထားသည်။


ဆန္ဒမဲပေး ကိစ္စများကို ဆောင်ရွက်နေစဉ် သံရုံးလုပ်ငန်းများ ခေတ္တ ရပ်ဆိုင်းထားမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ သွားရောက်လိုသည့် ဗီဇာလျှောက်ခြင်း၊ နိုင်ငံသားများ အခွန်ဆောင်ခြင်းနှင့် ပတ်စ်ပို့ သက်တမ်းတိုးခြင်းတို့ကို ခေတ္တရပ်ဆိုင်း ထားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ထို့ကြောင့် စင်ကာပူရှိ မျိုးချစ်မြန်မာများ တက်တက်ကြွကြွ သွားရောက် ဆန္ဒမဲပေးကြပါရန် တိုက်တွန်းလိုက်ရပါသည် ခင်ဗျား။

No comments: