Tuesday, April 29, 2008

ရခိုင်ပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၆၀၈၁၀၀ ရှိ

Narinjara News

ယခုနအဖ စစ်အစိုးရမှ ပြုလုပ်ရန် စီစဉ်နေသော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ရခိုင်ပြည်နယ်မှ ဆန္ဒမဲပေးပိုင်ခွင့် ရရှိသူ အရေအတွက်မှာ စုစုပေါင်း ၁၆၀၈၁၀၀ ရှိကြောင်း ရခိုင်ပြည်နယ် ရွှေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါ စာရင်းအား များမကြာမှီက ရခိုင်ပြည်နယ် ရွှေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့ပြီး အဆိုပါ စာရင်းအား မြို့နယ် ရွှေးကောက်ပွဲ ကော်မရှင်များ လက်သို့ ပေးပို့ထားကြောင်း အမည်မဖေါ်လိုသူ မြို့နယ် ဦးစီင်္း အရာရှိ တဦးက ပြောသည်။


မဲပေးပိုင်ခွင့် ရရှိသူများထဲတွင် ဗုဒ္ဓဘာသာမှာ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ မူဆလင်ဘာသာဝင်များ ဖြစ်ကြောင်းနှင့် တတိယမှာ ခရစ်ယန်များ ဖြစ်ကြောင်း သူက ပြောသည်။

ယခု မဲပေးပိုင်ခွင့် ရရှိသူ ၁၈ နှစ်အထက် ရှိသူများမှာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်က ဖြစ်ပြီး မဲပေးခွင့် ရသူအရေအတွက်မှာ ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲထက် များစွာ လျော့နည်းနေကြောင်း သိရှိရသည်။

စစ်အုပ်စုမှ မဲဆန္ဒရှင် ၉၀ ရာနုန်းကျော် ရခိုင်ပြည်နယ်တွင် မဲထည့်ရန် မျော်မှန်းထားပြီး ဆန္ဒခံယူပွဲကို ထောက်ခံရန်လည်း မျော်လင့်ထားကြောင်း အဆိုပါ အရာရှိက ပြောကြားသည်။

သို့သော် ရခိုင်ပြည်သူ အများစုမှာ မဲရုံကို သွားကြမည်မှာ မှန်ကန်သော်လည်း နအဖ မှ ရေးဆွဲထားသော ဖွဲ့စည်းပုံ မူကြမ်းကို ထောက်ခံရန် အတွက် မဟုတ်ဘဲ တခဲနက် ဆန့်ကျင် ကန့်ကွက်ရန် အတွက်သာ သွားကြမည် ဖြစ်ကြောင်း စစ်တွေက လူမှုရေး လှုပ်ရှား သူတဦးက ပြောသည်။

Source

No comments: