Wednesday, August 6, 2008

နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ထမ်းများ စစ်ထောက်လှမ်းရေးစစ်ဆေးပြီးမှ နိုင်ငံခြားသွားခွင့်ရ

NEJ/ ၆ သြဂုတ် ၂၀၀၈

နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံခြားစေလွှတ်မည့် ၀န်ထမ်းများကို တိုက်ရိုက် မလွှတ်တော့ဘဲ စစ်ထောက်လှမ်းရေး အဖွဲ့မှ ကင်းရှင်းကြောင်း ထောက်ခံချက်ရမှ စေလွှတ်
သည်ဟု နေပြည်တော်သတင်းရပ်ကွက်က ပြောသည်။

အစောပိုင်းက ဆေးစစ်ချက် အောင်ဖို့ စစ်ဆေးရသည့် အဆင့်သာရှိပြီး ယခု စစ်ထောက်လှမ်း ရေးအဖွဲ့မှ ကင်းရှင်းကြောင်း ထောက်ခံချက်ရမှ နိုင်ငံခြား မြန်မာသံရုံးများကို စေလွှတ်မည့် သဘောဖြစ်သည်ဟု သံတမန်တဦးက ရှင်းပြသည်။


နိုင်ငံခြားမြန်မာသံရုံးများမှ သံတမန်အရာရှိများ မြန်မာပြည်ပြန်ကာနီး သံရုံးမှ ထွက်ပြေးသည့် ဖြစ်ရပ်များ ပေါ်ပေါက်အပြီး ယခုကဲ့သို့ အာဏာပိုင်များက တင်းကျပ်လိုက်ခြင်းဖြစ်သည်။ သို့သော် နိုင်ငံခြားသွားရန် နှစ်အတန်ကြာစောင့်ရသည့် အောက်ခြေ၀န်ထမ်းအများစုမှာ နိုင်ငံခြား မြန်မာ သံရုံးများ၌ တာဝန်ထမ်းဆောင်ရန် အခွင့်အလမ်း နည်းသည့်အတွက် အတော်များများ အလုပ်က နုတ်ထွက်ကုန်သည်ဟု စုံစမ်းသိရသည်။

No comments: