ခေတ်ပြိုင်
ဆက်သွယ်ရေးဂြိုဟ်တု ၀န်ဆောင်မှုလုပ်ငန်းများအတွက် မြန်မာနိုင်ငံကို ထိုင်းအစိုးရပိုင်ငွေများ ထုတ်ချေးထားမှုနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်ရှင်နာဝါ
ထရာကို စုံစမ်း စစ်ဆေးပြီး တရားစွဲဆိုတော့မည်ဟု ထိုင်း အဂတိဆန့်ကျင်ရေးအဖွဲ့တခုက ယမန်နေ့တွင် ကြေညာ ခဲ့သည်။
၂၀၀၄ ခုတွင် ထိုင်းအစိုးရပိုင် ထုတ်ကုန်သွင်းကုန်ဘဏ်မှ မြန်မာနိုင်ငံသို့ ငွေထုတ်ချေးခဲ့ခြင်းသည် ထိုအချိန်က ၀န်ကြီး ချုပ်ဖြစ်သူ တပ်ဆင်မိသားစုပိုင် ရှင်းဂြိုဟ်တု ဆက်သွယ်ရေး
ကုမ္ပဏီအတွက် အကျိုးအမြတ်ရရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ၂၀၀၆ ခု စက်တင်ဘာတွင် ထိုင်းနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သည့် ပိုင်ဆိုင်မှုစစ်ဆေးရေးကော်
မတီက ဆုံးဖြတ်ခဲ့သည်။
ယင်းအမှုသည် တပ်ဆင်ကို စွဲဆိုထားသည့် စတုတ္ထမြောက်အမှုဖြစ်ပြီး တပ်ဆင်က စွဲဆိုချက် များနှင့်ပတ်သက်၍ ၎င်းသည် အပြစ်ကင်းစင်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့ ငွေချေးမှုဖြင့်စွပ်စွဲထားသောအမှုတွင် အတိုးနှုန်း ရှုပ်ထွေးမှုနှင့် အာဏာအလွဲ သုံးစားလုပ်မှုတို့ ပါဝင်သည်ဟု ထိုင်းအဂတိဆန့်ကျင်ရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဆတ် ကော်ဆင်းလူရမ်က ပြောသည်။
ကော်မတီအနေဖြင့် အမှုကို သုံးသပ်ရန်အတွက် ရှေ့နေချုပ်ထံ ပို့ပေးမည်ဖြစ်ပြီး နှစ်ပတ်အတွင်း တရားဝင်ရုံးတင် အမှုဖွင့်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အကယ်၍ တပ်ဆင်သည် အပြစ် ရှိကြောင်း ထင်ရှားပါက ထောင်ဒဏ် (၁၀) နှစ်အထိ ကျနိုင်ကြောင်း ဆတ်က ပြောသည်။
တပ်ဆင်သည် ၀န်ကြီးချုပ်အာဏာကို အလွဲသုံးစားလုပ်ပြီး ဒေါ်လာ (၁၂၇) သန်းအထိ ထုတ် ချေးရန် ထိုင်းအစိုးရပိုင် ထုတ်ကုန်သွင်းကုန်ဘဏ်ကို ညွှန်ကြားခဲ့သည်ဟု ကော်မတီက
ပြောသည်။
(၁၂) နှစ်ကြာ ငွေထုတ်ချေးမှုတွင် ထိုင်းနိုင်ငံထွက် ပစ္စည်းများသုံးသည့် အစိုးရဆောက်လုပ်ရေး
နှင့် ကြေးနန်းဆက်သွယ်ရေး စီမံကိန်းများ ပါဝင်ပြီး (၅) နှစ်အထိ နှစ်ပတ်လည်အတိုးနှုန်း (၃) ရာခိုင်နှုန်းဖြင့် ပေးဆပ်ရန်လည်း ခွင့်ပြုထားသည်။
ငွေထုတ်ချေးမှုသည် ထိုင်းစစ်အစိုးရ အာဏာသိမ်းချိန်တွင် ဆိုင်းငံ့သွားပြီး ယခု တပ်ဆင်၏ မဟာမိတ်ဖြစ်သူ ထိုင်းဝန်ကြီးချုပ် ဆမတ်ဆန်ဒါရာဝပ်က မြန်မာစစ်အစိုးရအား ချေးရန် ကျန်ရှိ သည့်ငွေများကို ဆက်လက်ထုတ်ချေးရန် မတ်လအတွင်း ဆုံးဖြတ်ခဲ့သည်။
တပ်ဆင်သည် ချေးငွေကိစ္စကို မြန်မာစစ်ခေါင်းဆောင်များနှင့် တရားမ၀င် ဆွေးနွေးညှိနှိုင်း၍ ငွေချေးရန် ကတိပေးခဲ့ခြင်းဖြစ်ပြီး ချေးငွေပမာဏကိုလည်း တိုးပေးခဲ့ကာ အစိုးရ၏ ထောက်ခံ ချက်မပါဘဲ အတိုးနှုန်းကို လျှော့ချခဲ့ကြောင်း ကော်မရှင်က စုံစမ်းတွေ့ရှိခဲ့သည်။ ထိုချေးငွေသည် ဘဏ်အတွက် ဆုတ်ယုတ်စေကြောင်း ကော်မတီက ပြောသည်။
တပ်ဆင်မိသားစုပိုင်ဆိုင်သည့် ရှင်းကော်ပိုရေးရှင်း၏ လက်ခွဲဖြစ်သော ရှင်းဂြိုဟ်တုဆက်သွယ် ရေးလုပ်ငန်းက မြန်မာနိုင်ငံတွင် ဘရော့ဘင်စီမံကိန်း လုပ်ဆောင်ခွင့်ရပြီး တပတ်အကြာတွင် ချေးငွေကိစ္စ ပေါ်ပေါက်လာခြင်းဖြစ်သည်။
တပ်ဆင်၏ အဓိကရှေ့နေဖြစ်သည့် ပီချစ် ချင်ဘင်က ယခုအမှုအတွက် တပ်ဆင်က ၎င်းအား ညွှန်ကြားထားခြင်း မရှိသောကြောင့် မှတ်ချက်မပေးနိုင်ကြောင်း ပြောသည်။ ။
No comments:
Post a Comment