Friday, April 25, 2008

ထောက်ခံမဲလား၊ ကန့်ကွက်မဲလား (ပေးစာ)

မဇ္ဈိမသတင်းဌာန Friday, 25 April 2008
စာဖတ်ပရိတ်သတ်တဦးက မဇ္ဈိမသို့ ရေးသားပေးပို့သော စာတစောင်တွင် မြန်မာများအနေဖြင့် မေ ၁၀ တွင် ပြုလုပ်မည့် အခြေခံဥပဒေ မူကြမ်းအပေါ် ဆန္ဒခံယူပွဲတွင် ကန်ကွက်မဲ ထည့်သင့်သည်ဟု ဆိုသည်။

ဘာကြောင့် ကန့်ကွက်မဲထဲ့သင့်သည်ကို သူက ထောက်ပြရာတွင်

- အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ရန် ခက်ခဲအောင် လုပ်ထားသည်ဟု ဆိုသည်။ ပြင်ဆင်ရေး အဆိုပြုမှုကို ပါလီမန်အမတ် ၇၅ ရာခိုင်နှုန်း ထောက်ခံဖို့လိုပြီး မဲပေးပိုင်ခွင့် ရှိသူအားလုံး ထောက်ခံမှသာ ပြောင်းလဲနိုင်သည်။ ထို့ကြောင့် တပ်မတော်အနေဖြင့် တသက်လုံး တိုင်းပြည်ကို အုပ်ချုပ်သွားရအောင် လုပ်ဆောင်ထားသည်။

- လိုအပ်သည့်အချိန်တွင် စစ်တပ်အနေဖြင့် တိုင်းပြည်ကို အရေးပေါ် အခြေအနေ ကြေညာခွင့် ပြုထားသည်။ ထိုအချက်က ဥပဒေအားလုံးကို ပစ်ပယ်နိုင်ပြီး အရပ်သားအစိုးရ၏ အခန်းကဏ္ဍကို သေးသိမ်စေသည်။

- အာဏာခွဲဝေမှု လုပ်ဆောင်ထားခြင်း မရှိပါ။

- တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဆုံးဖြတ်ချက်သာ အခရာ ဖြစ်နေသည်။

- တပ်မတော်သည် အိမ်ကြီးပေါ် အိမ်ငယ်ဆောက်သလို ဖြစ်နေသည်။

- လွှတ်တော်နှစ်ရပ်လုံးတွင် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက် ပါဝင်နေသည်။

- နိုင်ငံတော်သမတသည် စစ်ရေးအမြင် ရှိရမည်ဟု ပါရှိသည်။

- တိုင်းရင်းသားလူမျိုးများ၏ အကျိုးစီးပွားကို ရှေ့ရှုထားခြင်း မရှိ။

- နိုင်ငံရေး အဖွဲ့အစည်းများ ၀င်ရောက် ဆွေးနွေးခွင့်နှင့် ပတ်သက်၍ မျှတမှု၊ တန်းတူညီမျှမှု မရှိဘဲ အမျိုးသား ညီလာခံကို စတင်ခဲ့သည်။

- မျှော်လင့်တကြီးနှင့် အမျိုးသားညီလာခံတွင် တက်ရောက်ပါဝင်ခဲ့သော တိုင်းရင်းသား အဖွဲ့အစည်းများ၏ အဆိုပြုချက်ကို အလေးထားမှု မရှိခဲ့ပေ။

- နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ပူးပေါင်း ဆောက်ရွက်မှုကို မျက်ကွယ်ပြုထားသည်။

- အာဏာရ သမိုင်းတလျှောက်လုံး တိုင်းပြည်အပေါ် မရိုးမသားပြုမူခဲ့သည်ကို ထောက်ရှု၍ နအဖအပေါ် ယုံကြည်၍ မရပါ။

Source

No comments: