Narinjara News
ရခိုင်ပြည်နယ် စစ်တွေမြိုတွင် စက်တင်ဘာလ ပေါ်ပေါက်ခဲ့သော ရဟန်းတော်များ ဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေးအတွင်း နအဖဘက်မှ ရပ်တည် ပူးပေါင်းခဲ့သော ဆရာတော်တစ်ပါးအား နအဖ စစ်အစိုးရမှ သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ပေးအပ် ချီးမြှင့်လိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ ဆုချီးမြှင့်ခံရသည့် ဆရာတော်မှာ စစ်တွေမြို ကုန်သည်လမ်းတွင် တည်ရှိသော ဓမ္မသုခ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဦးသောမဖြစ်သည်။
အဆိုပါ ဆရာတော်သည် ပြီးခဲ့သည့် စက်တင်ဘာ သံဃာ့လှုပ်ရှားမှု အတွင်း ပြည်သူများနှင့် ရဟန်းတော်များကို စစ်တပ်မှလက်နက် သုံး၍ နှိမ်နှင်းရန် အမြဲ လှုံဆော်မှု ပေးခဲ့သော ဆရာတော် တစ်ပါးဖြစ်ကြောင်း စစ်တွေမှ လာသော သတင်းများ အရ သိရှိရသည်။
ဆရာတော် ဦးသောမကို ယခုကဲ့သို့ နအဖ စစ်အစိုးရမှ သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တော်ကို ဆပ်ကပ်လိုက်ခြင်းမှာ စစ်တွေတွင် ပေါ်ပေါက်ခဲ့သော စက်တင်ဘာ သံဃာ့လှုပ်ရှားမှု အတွင်းက စစ်အာဏာပိုင်များနှင့် အတက်ကြွဆုံး ပူးပေါင်းခဲ့၍ ရရှိခဲ့ခြင်း ဖြစ်ခြင်းကို စစ်တွေမြို့က အမည် မဖေါ်လိုသူ ဆရာတော် တပါးက ယခုကဲ့သို့ ပြောသည်။
“ ဓမ္မသုခကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဦးသောမထက် သက်တော်ကြီး ၀ါတော်ကြီး ဆရာတော်တွေ ပေးအပ်သင့် ပေးအပ်ထိုက်တဲ့ ဆရာတော်ကြီးတွေ ရခိုင်ပြည်နယ်ထဲမှာ အများကြီးရှိပါတယ်။ ဦးသောမကိုမှ ရွှေးပြီး ပေးအပ် ရတယ်ဆိုတော့ ဒါက ဘာကို ပြသလဲဆိုရင် အေးဒီ နအဖ စစ်အစိုးရက ပေးအပ်နေတဲ့ သာသနာဆိုင်ရာ ဘွဲ့တံဆိပ် တော်တွေဟာ နိုင်ငံရေး ပယောဂ မကင်းဘူးလို့ ပြောဆိုလို့ ရပါတယ်။ ခုလို ဆုတွေ ရရှိဖို့ အတွက် နအဖ စစ်အစိုးရကို ထောက်ခံဖို့ လိုအပ်တယ်။ နအဖ စစ်အစိုးရနဲ့ နီးစပ်ဖို့ လိုတယ် ဆိုတာကို အထင်အရှား ပြသနေတာ ဖြစ်တယ်။ ဒါကြောင့် နအဖရဲ့ သာသနာ့ ဆိုင်ရာ ဘွဲ့တံဆိပ်တွေဟာ ဘာသာရေး ရှု့ထောင့်က ကြည့်ရင် ဘာအနှစ်သာရမှ မရှိဘူး။
ဘုန်းကြီးတွေ ဆရာတော်တွေကို သူတို့ စစ်အစိုးရကို ထောက်ခံမှု ပေးအောင် မက်လုံး ပေးတဲ့ ဘွဲ့တံဆိပ် ဆုတော်တွေသာ ဖြစ်ပါတယ်။”
နအဖစစ်အစိုးရမှ ဆရာတော် ဦးသောမအား ဂုဏ်ပြုချီးမြှင့်သည့်ဆုမှာ သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်တော်ဖြစ်သည့် အဂ္ဂမဟာ ဂန္ဓ၀ါစကဘွဲ့တော်ဖြစ်ပြီး၊ ယင်းဘွဲ့တံဆိပ်တော်အား နအဖစစ်အစိုးရမှ မတ်လ ၂၃ ရက်နေ့က ဆရာတော်ထံ ဆက်ကပ်ခဲ့ကြောင်း သတင်း ရရှိသည်။
No comments:
Post a Comment