Thursday, October 16, 2008

နွားအစား လယ်ထွန်စက်များ အသုံးပြူလာကြသော်လည်း လယ်သမားများ ပိုမိုအခက်တွေ့

ကန္တာရ၀တီတိုင်း( မ် )

စားဝတ်နေရေး ဖူလုံရေးအတွက် ကရင်နီပြည် လွိုင်ကော်မြို့နှင့် ဒီမောဆိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ လယ်ယာလုပ်သားများသည် ခိုင်းနွားများအစား ထော်လောဂျီခေါ် လယ်ထွန်စက်များကို ၀ယ်ယူအသုံးပြု လာကြသော်လည်း အခွန်ကောက်ခံမှုများကြောင့် နေ့စဉ် စားဝတ်နေရေး အကျပ်အတည်းနှင့် ရင်ဆိုင်လာကြရသည်ဟု ဒေသခံများက ပြောသည်။

"ရွားသားတွေက စားဝတ်နေရေး အခက်အခဲ တွေ့လာကြတဲ့အချိန်မှာ သူတို့ပိုင်ဆိုင်တဲ့ နွားတွေကို ရောင်းချပြီး ထော်လော်ဂျီစက်တွေကို ၀ယ်ကြတယ်။ ဒါပေမဲ့ လယ်ထဲယာထဲ သွားတဲ့အချိန်မှာ အဲဒီစက်တွေကို မောင်းသွားရတယ် မဟုတ်လား။ မောင်းသွားတော့ စစ်တပ်ရဲ့ ဂိတ်တွေကို ဖြတ်ရတယ်။ ထော်လော်ဂျီတစီး တခါဖြတ်ရင် ၁၀၀ ကျပ် ပေးဆောင်ရတယ်။ ၁၀ ခါဖြတ်ရင် ၁၀၀၀ ထောင်ပေါ့။ လယ်ထဲယာထဲကို နေ့စဉ်နေ့တိုင်းသွားရတဲ့အတွက် အမြဲပေးဆောင်နေရတယ်။" ဟု လွိုင်ကော် ဒေသခံတဦးက ပြောသည်။


No comments: