Saturday, October 11, 2008

စစ်ဗိုလ်ချုပ် နောက်လိုက် မီဒီယာသမားများ

ဥက္ကာမွန်

အခုအောက်မှာ ဖော်ပြထားတဲ့ ပုဂ္ဂိုလ်များရဲ့ နာမည်ကတော့ စစ်ဗိုလ်ချုပ်တွေရဲ့ ဝါဒဖြန့်ချီရေး ဆောင်းပါးတွေ ရေးလေ့ရှိတဲ့ ကလောင်ရှင်တွေရဲ့ နာမည်တွေပါ။

ပေါက်စ၊ ဒေါ်ဝေဝေမွန်၊ မင်းဆွေ၊ စိုးမြတ်ကျော်၊ ၈၈ ရဲဘော်ဟောင်းတဦး (အမည်မဖော်ရဲသူ သတ္တိကြောင်) ၊ အောင်ဇေမင်း၊ စာဖတ်သူတဦး (အမည်ခံ) ရဲဘော် တင်ရွှေ၊ ဒေါက်တာ ချော၊ ကျော်မင်းလူ (ရွှေပြည်သာ) စသော စသော။

နအဖ စစ်အစိုးရက တိုက်ရိုက်ချုပ်ကိုင်နေတဲ့ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာတွေဆိုရင် စစ်တပ်ရဲ့ ဝါဒဖြန့်သတင်း၊ ဆောင်းပါးတွေ ပါတာကိုတော့ ကျနော်အတွက် သိပ်ပြီးတော့ မထူးဆန်းလှပါဘူး၊ နောက်ပြီး ပုဂ္ဂလိကပိုင် မဂ္ဂဇင်း၊ စာစောင်တွေမှာလည်း မထည့်မနေရ ဆိုတဲ့ စစ်တပ်ဗိုလ်ချုပ်များရဲ့ အမိန့်ပေးချက်အရ ထည့်နေရတယ် ဆိုတာ ကိုတော့ ကျနော်တို့ နားလည်ပေးလို့ရပါတယ်။

ကျနော်တို့ မြန်မာပြည်သားတွေဟာ စစ်အစိုးရလက်အောက်မှာ နေရတော့ နိုင်ငံတစ်ခု ဖွံဖြိုးတိုးတက်ဖို့ အဓိက ရေသောက်မြစ် ကျောရိုးဖြစ်တဲ့ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့အရေးတွေကို စစ်တပ်က အားလုံး ထိန်းထားတော့ ကျနော်တို့ပြည်သူတွေ ပါဝင်ပူးပေါင်း လုပ်ဆောင်ခွင့် မရှိတဲ့အတွက် အလုပ်လက်မဲ့နဲ့ လက်ဖက်ရည်ဆိုင်မှာ အချိန်ဖြုန်းနေရတဲ့ဘဝနဲ့ သူတို့ အဆုံးသတ်နေရပါတယ်။

ဒါကြောင့် ကျနော်တို့ပြည်သူတွေဟာ ဆုံးရှုံးနေရတဲ့ သူတို့အချိန်ကို ဘောလုံး၊ နှစ်လုံးထီ၊ ချဲတွေနဲ့ အစားထိုးပါတော့ တယ်၊ ထိုကြောင့် မြန်မာပြည်မှာ ဘောလုံးပွဲ စိတ်ဝင်စားသူတွေ များပြားလာတာကို စစ်အစိုးရက သိသွားပါတယ်၊ "စစ်အစိုးရကို အကြံပေးတဲ့ပုဂ္ဂိုလ်တွေကလည်း"၊ "ကိုယ့်ပြည်သူတွေ ဘာကြိုက်တယ်ဆိုတာ" သိနေတဲ့အတွက်ပါ။

စစ်ဗိုလ်ချုပ်များရဲ့ တာဝန်ပေးချက်အရ ဝါဒဖြန့်ချိရေး သတင်း၊ ဆောင်းပါး ရေးသားရေး အစီအစဉ်မှာ ပါဝင်လုပ် ဆောင်နေရတဲ့ "ဤသို့ ဖြစ်သင့် မဖြစ်သင့် - ဒေါ်ဝေဝေမွန်”၊ " ၇၅ မင်းဆွေမှ ၈၈ မင်းကိုနိုင်သို့ - မင်းဆွေ"၊ "တကယ်တည်ငြိမ်အေးချမ်းစေချင်ပါသလား - စိုးမြတ်ကျော်" ၊ "မင်းကိုနိုင် ကြိုးမဲ့ လေတံခွန် (သို့မဟုတ်) တိုင်းပြည်အန္တရာယ် (၁) (၂) (၃) - ၈၈ ရဲဘော်ဟောင်းတဦး (အမည်မဖော်ရဲသူ သတ္တိကြောင်တဲ့ကောင်"၊ "ကိုယ့်ကျိုးအတွက် မလိမ့်တပတ် အမြတ်ထုတ်တဲ့ အချောင်းသမားလုပ်ရပ် - အောင်ဇေမင်း" ၊ "ရွာဆူအောင် လာမလုပ်နဲ့ တောထုတ်တဲ့ဓလေ့ - စာဖတ်သူတစ်ဦး (အမည်ရင်းမဖော်ရဲသူ)"၊ "ဝမရှိပဲ ဝိလုပ်ကြသတဲ့ - ပေါက်စ"၊ "အနာဂတ်နိုင်ငံတော်၏ ဥပဒေပြုမည့် အသွန်ပုံသဏ္ဍာန်နဲ့ အနှစ်သာရ အပိုဒ် ၁၀ - စိုးမြတ်ကျော်" "သားရွှေအိုး ထမ်းလာတာကို မြင်ရတော့မယ် - မောင်ကောင်းသူ"၊ အမျိုးသားညီလာခံကြီး အောင်မြင်စွာ ကျင်းပပြီးစီး၍ - ရဲဘော်တင်ရွှေ" ၊ "ကမ္ဘာ့တလွှား အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြပွဲ မြင်ကွင်းများမှ ဖြစ်ပေါ်လာသောဆန္ဒ - ဒေါက်တာ ချော" ၊ "ဤသို့ဖြစ်သင့်ဖြစ်သင့် - ရဲဘော်တင်ရွှေ" ၊"တွေ့ဆုံဆွေးနွေးရေး တွေ့ဆုံးဆွေးနွေးရေး ဟု ဆိုကာ (၁) (၂) - စိုးမြတ်ကျော်" ၊ “နှစ်ဖက်မျှမှ အဖြေလှမည် - ကျော်မင်းလူ (ရွှေပြည်သာ) တို့လို စာရေးဆရာတွေ ရေးသားနေတဲ့ ဝါဒဖြန့်ဆောင်းပါးတွေဟာ ဘောလုံးပွဲကို စိတ်ဝင်စားပြီး စာစောင် ဝယ်ဖတ်တဲ့ ပြည်သူတိုင်းက သိပါတယ်၊ ဖတ်တာ မဖတ်တာပဲ ရှိပါတယ်။

ပေါက်စ၊ ဒေါ်ဝေဝေမွန်၊ မင်းဆွေ၊ စိုးမြတ်ကျော်၊ ၈၈ ရဲဘော်ဟောင်းတဦး (အမည်မဖော်ရဲသူ သတ္တိကြောင်တဲ့ကောင်)၊ အောင်ဇေမင်း၊ စာဖတ်သူတဦး (အမည်ခံ) ရဲဘော်တင်ရွှေ၊ ဒေါက်တာချော၊ ကျော်မင်းလူ (ရွှေပြည်သာ) တို့ရေးတဲ့ ဆောင်းပါးတွေထဲမှာ အများအားဖြင့် ပါတဲ့အကြောင်းအရာတွေကတော့ စစ်ဗိုလ်ချုပ်တွေကို မြှောက်၊ အမျိုးသားညီလာခံကို ထောက်ခံပြီး ဒီမိုကရေစီပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်း၊ ၈၈ မျိုးဆက်ကျောင်းသားဟောင်း များနဲ့ ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ၊ ဒီဗွီဘီ သတင်းဌာနကြီးတို့ကို ပုတ်ခတ်ပြောဆိုတဲ့ ဆောင်းပါးတွေကိုပဲ အမြဲတွေ့နေရပါတယ်။

ဒီအထဲမှာ ကြာသပတေးနေ့ ၊ ၄၊ ၂၀၀၇ ဖော်အဲဗား (Forever) ဘောလုံးဂျာနယ် စာစောင်တစ်ခုမှာ ပေါက်စရေးတဲ့ "အသံတွေ ကြားနေတယ် အသံတွေ ကြားနေရတယ်" ဆိုတဲ့ အမည်ပါ ဆောင်းပါးတစ်ပုဒ်ထဲမှာ ဆိုရင် လက်ရှိဖြစ်ပေါ် နေတဲ့ မြန်မာနိုင်ငံက သံဃာတော်တွေ စစ်အစိုးရကို ပတ္တနိက္ကုဇ္ဇန ကံဆောင်တဲ့ကိစ္စက ပြည်ပသတင်းတွေ မဟုတ်မမှန် ထုတ်ပြန်တဲ့အကြာင်းတွေ၊ ၈၈ မျိုးဆက်ကျောင်းသားအကြောင်းတွေက မြန်မာနိုင်ငံမှာ ရှိတဲ့ နိုင်ငံတကာ သံတမာန် တွေနဲ့ ပေါင်းပြီး တိုင်းပြည်ဆူပူအုံကြွမှုဖြစ်အောင် တမင်အကွက်ဆင်ဖန်တီးတဲ့အကြာင်းတွေ၊ အန်အယ်လ်ဒီက ပါတီလည်း ဘာညာ၊ ပြည်ပရောက်အတိုက်အခံ နိုင်ငံရေးအင်အားစုတွေအားလုံးက နယ်ချဲ့ သြဇာခံပြီး ပြည်သူတွေကို သွေးထိုးလှုပ်ဆော်ပြီး အစိုးရကို ဆန့်ကျင်မှုဖြစ်လာအောင် တမင်လုပ်ဆောင်ဖန်တီးတာတို့ စတဲ့အကြောင်းတွေနဲ့ စွပ်စွဲထားတာတွေ့ရပါတယ်၊ ပေါက်စ စုဆောင်းထားတဲ့ အချက်အလက်အရ ဆိုရင် တော်တော်လေး ပြည့်စုံတယ်လို့ပြောလို့ရပါတယ်။

ဘီဘီစီရဲ့ မှားယွင်းတဲ့ ထုတ်လွှင့်ချက်တခုကိုလည်း ရက်စွဲနဲ့ အကြောင်းအရာပါ အပြည့်အစုံ ထောက်ပြထားတာ ရှိသေးတယ်ဗျ၊ နောက်ပြီးတော့ ပေါက်စတစ်ခု ထောက်ပြထားတာကတော့ ပြည်ပသတင်းမီဒီယာဌာနတွေရဲ့ ဆက်သွယ်မေးမြန်းချက်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။

"မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူအချင်းချင်းတောင် တခါတခါ ဖုန်းဆက်ရတာ အလွယ်တကူ ဆက်သွယ်ဖို့ မရနိုင်ပေမယ့် ပြည်ပအသံလွှင့်ဌာနတွေက အခုလိုနယ်စွန်းနယ်ဖျား ဆယ်သွယ်ရေးဖုန်းမရှိတဲ့ ကျေးလက်များက လူသူမကြီးကို ဘယ်လို ပဉ္စလက်ပညာ၊ ဂမ္ဘီရပညာတွေနဲ့ ဆက်သွယ်မေးမြန်းပါလိမ့်ဆိုပြီး ပေါက်စ ခေါင်းစားရသဗျ"။

ပေါက်စဆိုလိုချင်တာက စစ်အစိုးရလက်အောက်မှာ နေတဲ့တိုင်းပြည်တွေမှာ နယ်စွန်နယ်ဖျား နယ်စပ်တွေမှာ ဆိုရင် ဖွံ့ဖြိုးတိုးတက်မှုမရှိ၊ ဖုန်းတွေ မရှိဘူးလို့ ပေါက်စယူဆနေပုံရပါတယ်။ ပေါက်စ တခုနားလည်ထားမှာက မြန်မာနိုင်ငံနှင့် အရှေ့၊ အနောက်၊ တောင်၊ မြောက် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေဟာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေပါ၊ ဖုန်းလောက်တောင် မပြောနဲ့ အိုင်တီဆိုင်ရာ ကွန်ပျူတာ၊ အင်တာနက်တွေတောင် သုံးလို့ရတယ် ဆိုတာကိုတော့ ပေါက်စ သိပုံ မပေါ်ပါဘူး၊ တိုးတက်နေတဲ့ အိုင်တီခေတ်ကြီးကို ကောင်းကောင်းအသုံးချတတ်တဲ့ ပြည်ပသတင်းမီဒီယာ ဌာနတွေအတွက်ကတော့ ဆယ်သွယ်မေးမြန်းရတာ မခက်ဘူးလို့ ထင်ပါတယ်၊ ပေါက်စက အိုင်တီတွေရဲ အကြောင်းတွေကို ကောင်းကောင်း နားလည်ပုံ မပေါ်သေးဘူး။

စစ်တပ်ဗိုလ်ချုပ်တွေကို အိုးဖာသလို လိုက်ဖာနေရတဲ့ ပေါက်စတို့လို စစ်ဗိုလ်ချုပ်များရဲ့ ညာလက်ရုံးတွေကတော့ ပြည်သူတွေ ငတ်ပြတ်နေတာကို မကြည့်အားပဲ စစ်ဗိုလ်တွေရဲ့ ရွှေခွက်ကို တဝက်ခွဲဖို့ပဲ ကြည့်နေတော့ စစ်ဗိုလ်ချုပ် တွေလိုပဲ ထင်ရာစိုင်းတော့မယ့်ပုံ ပေါ်နေပါတယ်။

ပေါက်စတို့ရေးတဲ့ ဆောင်းပါးတွေကိုတော့ ဖတ်လို့ကောင်းပါတယ်၊ ကဗျာ အလင်္ကာဆန်ဆန်နဲ့ သုံးထားတဲ့ အသုံအနှုန်းတွေကလဲ ဖွဲ့ဖွဲ့နွဲ့နွဲ့ ဖြစ်နေပါတယ်၊ ဒါပေမယ့် အမှန်ကို အမှားနဲ့ ဖုံးကွယ်ထားတဲ့ ဆောင်းပါးမျိုး သူများရဲ့အားနည်းချက်နဲ့ အပြစ်တွေကိုပဲ ဖော်ထုတ်နေတဲ့ ဆောင်းပါးမျိုး ဖြစ်နေတော့ ဖတ်ရတာ သိပ်ပြီးတော့ စိတ်ဝင်စားမှု မရှိပါဘူး။

ဒါပေမယ့် ပေါစရေ ပေါက်စ အချိန်ပေးပြီး ရေးထားတဲ့ ဝါဒဖြန့်ဆောင်းပါးတွေထဲပါတဲ့ အကြောင်းအရာတွေက ပြည်သူတွေအတွက် ပညာပေးတဲ့ ဆောင်းပါးတွေမဟုတ်ပဲ ပြည်သူတွေရဲ့နားကိုပိတ် မျက်စိကို မှိတ်စေပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကို ထောက်ခံအားပေးနေတဲ့ ဆောင်းပါတွေ ဖြစ်ပါတယ်ဆိုတာ ပြည်သူတွေက ကောင်းကောင်း နားလည်နေတာကို ပေါက်စတို့ သိကော သိရပါရဲ့လား။

မြန်မာပြည်မှာ စစ်ဗိုလ်ချုပ်တွေအကြိုက် လိုက်ရေးပေးတဲ့ ပေါက်စတို့လို စာရေးဆရာတွေ များများစားစား ရှိမယ် မထင်ပါဘူး၊ ဒါကြောင့် ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေနှင့် ဒီဗွီဘီတို့ကို တခုပြောချင်ပါတယ်၊ စစ်ဗိုလ်ချုပ်ပိုင် သတင်းစာ၊ ဂျာနယ်တွေမှာ စစ်တပ်အတွက် ကျောထောက်နောက်ခံဆောင်းပါတွေ ရေးသားပေးနေတဲ့ ပေါက်စ၊ ဒေါ်ဝေဝေမွန်၊ မင်းဆွေ၊ စိုးမြတ်ကျော်၊ ၈၈ ရဲဘော်ဟောင်းတဦး (အမည်မဖော်ရဲသူ သတ္တိကြောင်တဲ့ကောင်)၊ အောင်ဇေမင်း၊ စာဖတ်သူတဦး (အမည်ခံ)၊ ရဲဘော်တင်ရွှေ၊ ဒေါက်တာချော၊ ကျော်မင်းလူ (ရွှေပြည်သာ) တို့ကို ကလောင်ရှင်တွေရဲ့ အကြောင်းနဲ့ ရာထူး၊ နေရပ်လိပ်စာ အပါအဝင်ပေါ့ဗျာ ပြည်သူတွေသိအောင် ဖော်ပြပေးသင့်တယ် ထင်ပါတယ်။

ပေါက်စတို့လို စာပေကို ကောင်းကောင်းရေးသားတတ်တဲ့လူတွေဟာ အများအကျိုးအတွက် မဖြစ်ပဲ လူတစုစာအတွက် ဖြစ်နေတာကတော့ ရင်နာစရာ ကောင်းပါတယ်၊ ဒါကြောင့် ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေနှင့် ဒီဗွီဘီတို့ ပေါက်စကို တစ်ချက် ပြောပေးလိုက်ပါ၊ ပေါက်စတို့လို ပညာတတ်သမားတွေဟာ အမှန်တကယ် ပြည်သူတွေဘက်ကို ရပ်တည်ပြီး ပြည်သူ့အကျိုးပြုစရာအဖြစ် ရပ်တည်မယ် ဆိုရင် နတ်လူ သာဓု ခေါ်လိမ့်မယ် ထင်ပါတယ်။

ပေါက်စကသာ ပြောနေတယ် စစ်တပ်တွေ သံဃာတွေကို မသတ်ပါဘူး မရိုက်ပါဘူး၊ စက်တင်ဘာ ၂၇ ရက် ၂၀၀၇ ရက်စက်အကြမ်းဖက်တဲ့ သတင်းနဲ့ ဗွီဒီယိုဖိုင်တွေကတော့ ကမ္ဘာ့အနှံအပြား ပျံ့နေပါပြီး၊ ပေါက်စနေတဲ့နေရာမှာ အင်တာနက်တို့ အီးမေလ်းတို့ ကိုင်၊ ဖွင့်ရရင်တော့ ချက်ချင်း မြင်တွေ့ရပါတယ်။

သံဃာတော်တွေနဲ့ ပြည်သူတွေကို တကယ်ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ စစ်ဗိုလ်ချုပ်နဲ့ တပ်သားတွေကို မြင်မြင်ကြီး ဖာနေတဲ့ ပေါက်စတို့လို စစ်ဗိုလ်ချုပ် နောက်လိုက်ခွေးတွေကတော့ အဝီစိက ကြိုဆိုနေတယ် ဆိုတာကိုတော့ ဧကန်မုချပါပဲ။

ပေါက်စတို့ အချိန်ပေးပြီး ရေးနေတဲ့ဆောင်းပါးတွေဟာ လက်ဝါးကြီးအုပ် ဗိုလ်ချုပ်တစုအတွက်သာ မရပ်တည်ပဲ တကယ်ဒုက္ခရောက်နေတဲ့ ပြည်သူတွေဘက်က ရပ်တည်ပြီးရေးရင် ပေါက်စတို့ ပိုပြီး တန်ဖိုးရှိပါလိမ့်မယ်။

ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေနှင့် ဒီဗွီဘီတို့က ပေါက်စ ပြောသလို အသံတွေကြားနေတာလောက်ပဲ ပြည်သူတွေကို ကြားသိခွင့် ပေးနိုင်တာပါ၊ ပေါက်စနဲ့ စစ်ဗိုလ်ချုပ်တွေကတော့ တီဗွီ၊ သတင်းစာ၊ စာစောင်၊ မဂ္ဂဇင်းတွေထဲမှာတော့ ရုပ်သံကော အရေးအသားပါ ဝါဒဖြန့်ခွင့်ရနေတယ်ဆိုတာ ပြည်သူတွေအသိပါ။

ပေါက်စ နားလည်ထားရမှာက အမှန်တရားကို ပြည်သူတွေက ဦးနှောက်နဲ့ ကြည့်တတ်တဲ့ခေတ် ဖြစ်နေပြီးဆိုတာ ပေါက်စ နားလည်ထားပါ၊ ပြည်သူတွေကို အထင်မသေးပါနဲ့ ပေါက်စရေ။

ပေါက်စနဲ့ အပေါင်းအပါအားလုံးကို နောက်ဆုံးတစ်ခု ပြောချင်တာက အခုလိုနအဖ စစ်ဗိုလ်ချုပ်တွေ ကျူးလွန်နေတဲ့ အပြစ်တွေဟာ သာမန်အပြစ်တွေ မဟုတ်ဘူး၊ ကိုယ့်မိဘနဲ့ တကိုင်းတည်းဖြစ်ပြီး ကိုယ့်မိဘတွေတောင်မှာ ဦးညွတ်ရိုသေလေးစားနေတဲ့ ဗုဒ္ဓဘုရားရှင်တွေရဲ့ သား ဆိုတာ ပေါက်စတို့မမေ့ပါနဲ့။

ပေါက်စတို့အပေါင်းအပါ အချိန်မနှောင်းခင် အမှန်ကိုမြင်ပြီး ပြန်ပြင်လို့ ရပါသေးတယ်။

ပေါက်စတို့ အပေါင်းအပါအားလုံး ဒီလို "ဤသို့ဖြစ်သင့်မဖြစ်သင့် ဒေါ်ဝေဝေမွန်"၊ ၇၅ မင်းဆွေမှ ၈၈ မင်းကိုနိုင်သို့ မင်းဆွေ၊ တကယ်တည်ငြိမ်အေးချမ်းစေချင်ပါသလား စိုးမြတ်ကျော်၊ မင်းကိုနိုင် ကြိုးမဲ့လေတံခွန် (သို့မဟုတ်) တိုင်းပြည်အန္တရာယ် (၁) (၂) (၃) ၈၈ ရဲဘော်ဟောင်းတဦး (အမည်မဖော်ရဲသတ္တိ ကြောင်တဲ့ကောင်) ၊ကိုယ်ကျိုးအတွက် မလိမ့်တပတ် အမြတ်ထုတ်တဲ့ အချောင်သမား လုပ်ရပ် အောင်ဇေမင်း၊ ရွာဆူအောင်လာမလုပ်နဲ့ တောထုတ်တဲ့ဓလေ့ စာဖတ်သူတဦး (အမည်မဖော်ရဲသူ)၊ ဝမရှိပဲဝိလုပ်ကြသတဲ့ ပေါက်စ၊အနာဂတ်နိုင်ငံတော်၏ ဥပဒေပြုမည့် အသွန်သဏ္ဍာန်နဲ့ အနှစ်သာရ အပိုဒ် (၁၀) စိုးမြတ်ကျော်၊ သားရွှေအိုးထမ်းလာတာကို မြင်ရတော့မယ် မောင်ကောင်းသူ၊အမျိုးသားညီလာခံကြီး အောင်မြင်စွာ ကျင်းပပြီးစီး၍ ရဲဘော်တင်ရွှေ၊"ကမ္ဘာတလွှားအမေရိကန် ဆန့်ကျင်ရေးဆန္ဒပြပွဲ မြင်ကွင်းများမှ ဖြစ်ပေါ်လာသောဆန္ဒ ဒေါက်တာချော" "ဤသို့ဖြစ်သင့်မဖြစ်သင့် ရဲဘော် တင်ရွှေ" "တွေ့ဆုံဆွေးနွေးရေး တွေ့ဆုံဆွေးနွေးရေးဟု ဆိုကာ (၁) (၂) စိုးမြတ်ကျော်" "နှစ်ဖက်မျှမှ အဖြေလှမည် - ကျော်မင်းလူ (ရွှေပြည်သာ) တို့တတွေ ဆောင်းပါးရေးနေမယ့်အစား တိုင်းပြည်ကို စစ်ဗိုလ်တွေ ဘာစနစ်နဲ့ အုပ်ချုပ်နေလဲ အုပ်ချုပ်နေတဲ့စနစ်က ဘယ်လိုဆိုးနေတယ်၊ ပြည်သူပိုင်သော နိုင်ငံသဘာဝသယံဇာတ တွေကို နအဖစစ်ဗိုလ်ချုပ်တွေက ဘယ်လိုကြိုးကိုင်ထားသလဲ၊ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေကို စစ်ဗိုလ်ချုပ်တွေဘယ်လို သုံးဖြုန်းနေသလဲ၊ စစ်ဗိုလ်ချုပ်တွေကြောင့် ပြည်သူတွေ ဘယ်လောက်အသက်သေ ခဲ့ပြီးလဲ (စာရင်းပြုစု) စတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ရပ်တွေကို အမှန်တိုင်းဖော်ဆောင်ပေးရင် တိုင်းပြည်အတွက် ပိုမို အကျိုးရှိလာပြီး နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလဲ မြန်မြန်ဦးတည်စေပါတယ်။

No comments: