NEJ/ ၂ အောက်တိုဘာ ၂၀၀၈။ ။
-Star Flower Tissue Factory။ ။ မှော်ဘီမြို့ စိန်ရတနာဝတ်မှုံ သစ်ကုမ္ပဏီဘေးကပ်လျက်မှာ တည်ရှိသည်။ သာ ပေါင်းပျော့ဖတ်စက်ရုံတည်ဆောက်ခွင့်ရသည့် CMCE တရုတ်ကုမ္ပဏီက လက်ဆောင် ဆောက်ပေးခဲ့သည့် စက်ရုံဖြစ်သည်။
-အလားတူ Tissue စက်ရုံတခု စစ်တောင်းစက်ရုံနားတွင်ရှိသည်။ ၀န်ကြီးသား နာမည်နှင့်ထားသည့် စက်ရုံဖြစ်သည်။
-ရန်ကုန်မြို့ ၀ါးတန်းလမ်းမှာရှိသည့် Great Myanmar အချိုရည်စက်ရုံ၏ ရှယ်ယာအတော်များများကို ပိုင်ဆိုင်သည်။ Great Myanmar အချိုရည်စက်ရုံသည် လွယ်ဟိန်းကုမ္ပဏီမှ ခွဲထွက်လာသည့် ကုမ္ပဏီဖြစ်ပြီး ၂၀၀၅ ခုနှစ်မှစပြီး လည်ပတ်နေသည်။
ဆောက်လက်စ နေပြည်တော် Shopping Complex အဆောက်အဦထဲတွင် ၀န်ကြီးကတော်အတွက် အထည်ဆိုင် ခန်းကြီးတခုကို စက်မှု (၁) ပြုပြင်ထိန်းသိမ်းရေးဌာနမှ ဆောက်လုပ်လျက်ရှိသည်။ ၂၀၀၈ ခု စက်တင်ဘာလကုန် အပြီးအပ်ရမည်။
-ပဒေါင်းဘက်တွင် ဧက (၁၀၀) ခန့်ရှိသည့် ဇီးတော်သီးခြံကို အထည်အလိပ် စက်ရုံမှူးတဦးက ၀ယ်ပေးထားရသည်။
-ပလိပ်မှာလည်း စက်ရုံမှူးတဦး ၀ယ်ပေးထားသည့် စိန်တလုံးသရက်ခြံကိုပိုင်သည်။ ထိုခြံမှထွက်သည့် စိန်တလုံး သရက်များကို တရုတ်သို့ တင်ပို့ရောင်းချသည်။
-နေပြည်တော် မင်းကုန်းမှာလည်း လက်အောက်ခံ ဦးဆောင်ညွှန်ကြားရေးမှူးများ ညွှန်ကြားရေးမှူးချုပ်များ စုပေါင်းပြီး ၀ယ်ပေးထားသည့် ဧက (၁၀၀) ကျော် သရက်ပိန္နဲခြံကြီးတခြံပိုင်သည်။
No comments:
Post a Comment