Friday, October 10, 2008

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နာလန်မထူနိုင်တော့ဟုသတင်းထွက်လာ

ဆက်ပွား


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အူမကြီးကင်ဆာရောဂါ အလွန်ပြင်းထန်လွန်းပြီး အသက်သေတော့မယ်လို့ကြားသိရပါတယ်။

အဖိုးကြီးအခြေအနေကတော့တော်တော့ကိုဆိုးနေပြီ။ နှစ်ထောင့်ရှစ်မကျော်နိုင်ဘူးလို့ ခန့်မှန်းတယ်။ သူ့သားသမီးတွေ အကုန်လုံး အနားမှာပဲရှိနေကြတယ်။ အခုကြားနေရတာက ဒီဆယ်(၁၀)လပိုင်းနဲ့ဆယ့်တစ်လ(၁၁)ပိုင်းထဲမှာသူ့ကို အနားပေးမယ်လဲ ကြားနေ ရတယ် ဟု စစ်တပ်အရာရှိတဦးမှပြောပါတယ်။

စင်ကာပူဆေးရုံကလဲ အသက်မရှင်နိုင်တော့ဘူးဆိုတာသိလို့လက်မခံတော့ဘူး။ အခြေအနေက တော်တော်ကိုဆိုးနေပြီ ရောဂါကလဲ စုံနေပြီ။ ဆီးချိုလဲရှိတယ်။ လေးဖက်နာလဲရှိတယ်။ အားလုးံစုပြုံပြီးဖြစ်နေသလိုဖြစ်နေတယ်”ဟုဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်နီးစပ်သူ သတင်းရပ်ကွက်မှလည်း ကြားသိရပါတယ်။

“ကောလဟလလျှောက်ပြောနေတာပါ။ စင်ကာပူဆေးရုံက လက်မခံတာက လုံခြုံရေး မပေးနိုင်လို့တဲ့။ အခုလမ်းတောင်လျှောက်နေပြီ”ဟု ဦးသန်းရွှေနှင့်နီးစပ်သူစီးပွားရေးသမားတဦးကပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနေရာကို ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးက ယူဖို့အတွက်အားလုံး ပြင်ထားပြီးနေပြီလို့လည်း အနဖ စစ်ကောင်စီ သတင်း ရပ်ကွက်မှ ကြားသိရပါတယ်။။


No comments: