Friday, November 21, 2008

တရုတ်-ဗမာ သဘာဝဓါတ်ငွေ့ သယ်ယူမည့် စီမံကိန်း

မျိုးကြီး

(၁) လက်ရှိအနေအထား

၂၀၀ရခုနှစ်ဆန်းပိုင်းကာလခန့်က စတင်၍ တရုတ်နှင့်ဗမာ အာဏာပိုင်များသည် ရခိုင်ပြည်မှကူမင်းအထိ ပိုက်လှိုင်းဖြင့် သဘာဝဓါတ်ငွေ့ သယ်ယူမည့် အစီအစဉ် အတွက် လမ်းကြောင်းတိုင်းတာခြင်း ပဏာမလုပ်ငန်းများကို စတင်အကောင်အထည်ဖေါ်လျက်ရှိပါသည် ။


ရခိုင်ပြည်နယ် ကျောက်ဖြူဘက်မှ အမ်းတောင်ကြားလမ်းအတိုင်းဖြတ်ကာ မြန်မာပြည်အလယ်ပိုင်းမကွေးတိုင်းထိုမှတဆင့် ပုဂံညောင်ဦး ဘက်အထိ လမ်းကြောင်းတိုင်းတာခြင်း လုပ်ငန်းများကို လုပ်ဆောင်ပြီးစီးပြီးဖြစ်ကြောင်းနှင့် အခြားလမ်းကြောင်းတစ်ခုမှာ မန္တလေး လမ်းကြောင်း အတိုင်းတိုင်းတာထားကြောင်း သိရပါသည်၊၊

၂၀၀၆ခုနှစ်ခန့်ကစတင်၍တရုတ်ပြည် ရွေလီမြို့မှတဆင့် အလွန်ကြီးမားသော ယာဉ်များဖြင့် သံပိုက်လုံးများ(ကားတစ်စီးလျင်၂ခုသာတင်နိုင်) အား မြန်မာနိုင်ငံအတွင်းသို့တင်ပို့လျက်ရှိပါသည် ကျွမ်းကျင်သူများပြောပြချက်အရ အဆိုပါ ပိုက်များသည် သဘာဝဓါတ်ငွေ့ သွယ်တန်းရာတွင် အသုံးပြုမည့်ပိုက်များဖြစ်နိုင်ကြောင်း လွန်ခဲ့သည့် လပိုင်းများအထိ အဆိုပါ ပိုက်ဂုံးများတင်ပို့ခြင်းများရှိသည်ဟု သိရပါသည်၊၊

သို့ရာတွင် မြန်မာပြည်အလယ်ပိုင်းမှ ရှမ်းပြည်(မြောက်ပိုင်း)သို့ မည်သည့်လမ်းကြောင်းမှဖြတ်သန်းသွယ်ယူမည် ဆိုသည်ကို အတိအကျ သိရခြင်း မရှိသေးပါ ။ တရုတ်နှင့်နီးစပ်သူများ အဆိုအရ ရှမ်းပြည်(မြောက်ပိုင်း)တွင် လက်ရှိနိုင်ငံရေးအခြေအနေများအရ ပိုက်လှိုင်းဖြတ်သန်းမည့်အစီအစဉ်မှာ ချမှတ်သေးခြင်းမရှိကြောင်း လက်နက်ကိုင်အဖွဲ့အစည်းများ၏ နယ်မြေများကိုဖြတ်သန်းဖေါက်လုပ်ရမည် ဖြစ်သောကြောင့်
၂၀၁၀ရွေးကောက်ပွဲပြီးဆုံးကာ နိုင်ငံရေးအခြေအနေတည်ငြိမ်မှသာ ပိုက်လှိုင်းသွယ်တန်းရေးအတွက် ၂ဘက်ဆွေးနွေးဖွယ်ရှိကြောင်း သိရပါ
သည်။

(၂)ဘယ်သူ/ဘယ်ကုမ္ပဏီက တာဝန်ယူလုပ်ကိုင်မည်နည်း

သဘာဝဓါတ်ငွေ့တူးဖေါ်လုပ်ကိုင်ခြင်းအား ဗမာနှင့်တောင်ကိုးရီးယားဒေ၀ူး ကုမ္ပဏီတို့က လုပ်ကိုင်ခြင်းဖြစ်ပါသည်။ တရုတ်ဘက်မှ ဓါတ်ငွေ့ ၀ယ်ယူခြင်းဖြစ်သဖြင့် ၄င်းတို့၂ဘက်အကြား မည်ကဲ့သို့သဘောတူညီစာချုပ်ချုပ်ထားသည်ကို အတိအကျမသိရှိရပါ ။တရုတ်ရွေလီသို့ ဂက်ပိုက်လှိုင်းသွယ်တန်းမည့် အရေးတွင် မြန်မာဘက်မှ the Myanma Oil & Gas Enterprise မှအုပ်ချုပ်ရေး ဒါရိုက်တာ ဦးမြင့်ကြည် နှင့်တရုတ်ဘက်မှ China National Petroleum Corp. (CNPC.YY)တို့တာဝန်ယူလုပ်ကိုင်လျက်ရှိသည်ဟု သိရပါသည်။ မြန်မာဘက်မှ asia world company မှ လမ်းကြောင်းတိုင်းတာခြင်းလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်သည်ဟု သိရပါသည်။

(၃)ဘယ်တော့လောက်ပြီးမယ်လို့ ခန့်မှန်းထားလဲ

၂၀၁၀နောက်ပိုင်း ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခြေအနေပေါ်မူတည်၍ လက်နက်ကိုင်အဖွဲ့အစည်းများ မည်ကဲ့သို့ရပ်တည်မည်ဆိုသည့် အပေါ် မူတည်မည်ဖြစ်ပါသည်၊၊ တရုတ်ဘက်မှလည်း ပိုက်လှိုင်းဖြတ်သန်းမည့် နယ်မြေများရှိ လက်နက်ကိုင်အဖွဲ့များထံမှ အာမခံနိုင်သည့် အနေအထားမျိုးရောက်ရှိမှသာ ပိုက်လှိုင်းသွယ်သန်းမည့် ကိစ္စဆွေးနွေးမည်ဟု ခန့်မှန်းပြောဆိုကြပါသည်။ ၄င်းအခြေအနေကိုထောက်ရူ့ခြင်း
ဖြင့် မြန်မာနိုင်ငံရေးတွင် တရုတ်၏ပေါ်လစီသည် တည်ငြိမ်မှု့ရှိရေးကိုအထူးလိုလားမည်ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းများ စစ်အာဏာ ပိုင်များ ကို ထပ်မံပုန်ကန်ခြင်းမပြုနိုင်ရန် ဖိအားပေးခြင်းများရှိနိုင်ကြောင်း သုံးသပ်ရပါသည်၊၊ထို့ကြောင့် ၂၀၁၀နောက်ပိုင်းကာလများနှင့်နောက် ထပ်၁၀စုနှစ်တစ်ခုမျကြာနိုင်သေးကြောင်း ခန့်မှန်းရပါသည် စာချုပ်များအရ ဓါတ်ငွေ့များကိုပိုက်လှိုင်းသွယ်တန်းပြီှးနှစ်(၃၀)အထိ ရယူမည်ဖြစ်
ပါသည်၊၊

(၄)ဗမာအစိုးရကို ဆက်သွယ်မည့်ကုမ္ပဏီက ဆီနိုပက်ဟုတ်ပါသလား

၂၀၀၆ခုနှစ်အတွင်း ပြည်တွင်းသတင်းမီဒီယာများ၏ ဖေါ်ပြချက်အရ တရုတ်နိုင်ငံသည် စွမ်းအင်လိုအပ်ချက်ပမာဏမှာ တစ်ရက်လျင် စည်ရသန်းနူန်းမှ လာမည့်၂၀၂၅ခုနှစ်တွင် တစ်ရက်လျင်စည်၁၄၂သန်း ဖြစ်လာမည်ဟု ဆိုထားပါသည်။၂၀၀၄ခုနှစ စက်တင်ဘာလ်တွင် the Dian-Qian-Gui Petroleum Exploration Bureau of SINOPEC of China နှင့်the Myanmar Oil andGasEnterprise, petroleum exploration တို့သည် ရခိုင်ပြည်အနောက်ဘက်ရှိ block D တွင်ရေနံနှင့်သဘာဝဓါတ်ငွေ့ ရှာဖွေရေးလုပ်ငန်းအတွက် သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း ဆင်ဟွာသတင်းကဖေါ်ပြပါသည်၊၊

၂၀၀၄ခုနှစ်မှစတင်၍ ရေနံနှင့်သဘာဝဓါတ်ငွေ့တူးဖေါ်ရေးအတွက် မြန်မာနိုင်ငံအတွင်းရင်းနှီးမြုတ်နှံခဲ့သည့် တရုတ်ကုမ္ပဏီများမှာ the China National Offshore Oil Company (CNOOC) နှင့် China Huanqiu Contracting andEngineering Corporation ကုမ္ပဏီတို့ပါဝင်ပြီး Block-M (ကျောက်ဖြူ) A-4ရခိုင်ပြည်အနောက်ပိုင်း/ Block-M10,M2 မုတ္တမှBlock-C1အင်းတော် C2 ရွေဘို-မုံရွာတစ်ဝိုက်တွင် ရေနံရှာဖွေရေးလုပ်ငန်းများလုပ် ကိုင်လျက်ရှိကြောင်း သိရသည်။၂၀၀ရဇန်န၀ါရီလဆန်းပိုင်းတွင် တရုတ်ကုမ္ပဏီ China National Petroleum Corp. (CNPC) မှလည်းရေနံရှာဖွေရေးအတွက် လက်မှတ်ရေးထိုးထားကြောင်း သိရပါသည်။

(၅) ဘယ်တော့လောက်စတင်မည်နည်း

သဘာဝဓါတ်ငွေ့ပိုက်လှိုင်းတည်ဆောက်ရေးကို ၂၀၀ရခုနှစ်ဆန်းပိုင်းတွင် စတင်အကောင်အထည်ဖေါ်နိုင်မည်ဖြစ်ကြောင်း Sinopec က၂၀၀ရ ခုနှစ်အေပြီလပိုင်းက ကြေငြာပါသည်၊၊သို့သော်လည်း ဓါတ်ငွေ့ပိုက်လှိုင်းအတွက် အချိန်ဇယားအတိအကျ မရှိသေးကြောင်း သိရပြီး ရေနက်မှတဆင့်ကျောက်ဖြူသို့စတင်လုပ်ကိုင်ကာ မူဆယ်အထိသွယ်တန်းမည်ဟု တရားဝင်ထုတ်ဖေါ်ပြောကြားထားပါသည် ။မြန်မာပြည်မှ ကူမင်းအထိ ကီလိုမီတာ(၂၃ဂ၀)ကျော်ရှည်လျားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ၁ဒသမ၄သန်းကုန်ကျမည်ဟု ခန့်မှန်းထားပါသည်၊၊

(၆)ဒေသခံပြည်သူများ၏ရပ်ရွာ/မြစ်ချောင်းအင်းအိုင်/လယ်မြေ/သစ်တော ဆုံးရူံးမှု့ခန့်မှန်း

လပ်တလောအချိန်အထိ ရှမ်းပြည်(မြောက်ပိုင်း)အတွင်း သဘာဝဓါတ်ငွေ့ပိုက်လှိုင်းတည်ဆောက်ရေးအတွက် ကျေးရွာများပြောင်းရွေ့ခြင်းများ မကြားသိရသေးသော်လည်း အမှန်တကယ်ဖေါက်လုပ်လာပြီဆိုလျင် ထိုကဲ့သို့သော ရွာပြောင်းရွေ့ခိုင်းခြင်းများ လယ်မြေများသိမ်းယူခံရခြင်းများ သစ်တောများဆုံးရူံးခြင်းများ ဖြစ်ပေါ်လာမည်မှာ သေချာပါသည်။ ယခင်က ကရင်ပြည်နယ်အတွင်းမှ သဘာဝဓါတ်ငွေ့ပိုက်လှိုင်းဖြင့်ထိုင်း
နိုင်ငံသို့သွယ်တန်းခဲ့သည့် ယူနိုကယ်ပြင်သစ်ကုမ္ပဏီသည်ပင် လူ့အခွင့်အရေးချိုးဖေါက်ခဲ့သည့် သာရကများစွာရှိခဲ့ပါသည်။ ဓါတ်ငွေ့ပိုက်လှိုင်းလုံခြုံရေးအတွက် တာဝန်ယူကြမည့် ဗမာစစ်တပ်များကလည်း ပေါ်တာဆွဲခြင်း လမ်းဖေါက်လုပ်ရန် လုပ်အားပေးခိုင်းစေခြင်းများအပြင် အခြားသော ဘေးထွက်ဆိုးကျိုးများ များစွာရှိနိုင်ကြောင်း တင်ပြအပ်ပါသည်၊၊
.
(၇) ဒေသခံများကိုအသိပေးခြင်းရှိ/မရှိ

ဗမာစစ်အုပ်စုအနေဖြင့် တိုင်းပြည်အတွင်းရှိ သယံဇာတပစ္စည်းများကို ထုခွဲရောင်းချသည့်နည်းဖြင့် ၄င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် ငွေရှာခြင်းလုပ်ငန်းကို လုပ်ကိုင်၍ ကြီးပွားချမ်းသာနေသော်လည်း ပြည်သူလူထု၏အကျိုးစီးပွားကိုမူ အမြဲလျစ်လျူရူ့သည့်အပြင် လူ့အခွင့်အရေးချိုးဖေါက်မှု့များကိုလည်း ပြောင်ပြောင်တင်းတင်းပင် ကျူးလွန်လေ့ရှိသည့် ဘယ်သူသေသေငတေမာရင်ပြီးရော ဆိုသည့် အစားမျိုးဖြစ်လေ
သည်။ ထို့ကြောင့် အုပ်ချုပ်ခံပြည်သူလူထုအကျိုးစီးပွားကို ရှေ့တန်းတင်၍ ယခုလိုကိစ္စမျိုးကို စကားထဲပင်ထည့်ပြောမည်မဟုတ်ပါ အမှန်တကယ်တွင်လည်း ပြည်သူလူထုကို ယနေ့အချိန်အထိ ပညာပေးပြောပြခြင်း အသိပညာပေးခြင်းမရှိသလို တရားဝင်ကြေငြာခြင်းမရှိသည်ကို တွေ့မြင်ရပါသည်။ ထို့ကြောင့်လည်း ပြည်သူလူထုမှာ သဘာဝဓါတ်ငွေ့ပိုက်လှိုင်း မိမိတို့ရပ်ရွာများသို့ဖြတ်သန်းဖေါက်လုပ်မည် ဆိုသည်ကို မသိရှိကြသေးကြောင်း တွေ့ရပါသည်၊၊

No comments: