Wednesday, November 26, 2008

မလေးရှားမှ နအဖ သတင်းပေး ဖမ်းမိ


၂၃၊၁၁၊ ၂၀၀၈ နေ့တွင်ဖြစ်သည် မလေးရှားနိုင်ငံ ကော်လာလမ်ပူမြို့တော် Prince ဟိုတယ် အတွင်းကျင်းပပြုလုပ်သည့် မြန်မာ့တိုင်းရင်း သား ခေါင်းဆောင်အချို့နှင့် NCGUB မှလူကြီးများ မြန်မာ့ နိုင်ငံရေးအခြေအနေနှင့် ပြည်သူလူထုများ၏စားဝတ်နေရေး လက်ရှိ အခြေ အနေ ဆွေးနွေးပွဲတစ် ရပ်တွင် မြန်မာ့စစ်အစိုးမှ ထောက်လှမ်းရေးစေလွှတ်ပြီးသတင်းရယူခြင်းဖြစ်သည်။

မြန်မာ့စစ်အစိုးရသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို မြန်မာပြည်တွင်းတွင်သာမာ ပြည်ပ နိုင်ငံများထိ လိုက်လံချိုး ဖောက်နေခြင်း ဖြစ်သည်။ ဆွေးနွေးပွဲပြုလုပ်သည့်နေ့တွင်မြန်မာစစ်အစိုး ရသည် မလေးရှားနိုင်ငံမြန်မာသံရုံးမှတစ်ဆင့် မောင်မျိုးမြင့်မောင် ဆိုသူမြန်မာ့ စစ်ထောက်လှမ်း ရေး တစ်ယောက်ကို ဓာတ်ပုံရိုက်ခိုင်းပြီး သတင်းယူခိုင်းခြင်း ဖြစ်သည်။ မောင်မျိုးမြင့်မောင်ဆိုသူမှာ အစည်းဝေးခန်း မ အတွင်း ဓာတ်ပုံရိုက်နေစဉ် အစည်းဝေးတက်ရောက်လာသူများမှ မသင်္ကာသဖြင့် ဖမ်းဆီး မေးမြန်းရာ မိမိမှာမြန်မာသံရုံးမှ သတင်း ရယူရန် စေလွှတ်လိုက်သော စစ်ထောက်လှမ်းရေး ဖြစ်ကြောင်း အဖြစ်မှန်ကိုဝန်ခံခဲ့ပြီး သက်သေအထောက်အထားစာရွက်စာတမ်းများ ပါ၎င်းထံမှ သိမ်း ဆည်းရမိခဲ့ကြသည်။



“တော်တော် ညစ်ပတ်တဲ့ လုပ်ရပ်ပဲဗျာ သူတို့အနေနှင့်ပွင့်ပွင့်လင်းလင်း လာပြီး တက်ရောက်လို့ရတယ် ဒီဆွေး နွေးပွဲမှာ မြန်မာပြည်တွင်းဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့ ဘ၀ အခြေအနေကို ပရိုဂျက်တာ တွေ နှင့် ပြသပြီးဆွေးနွေးခြင်းသာဖြစ်တယ် ဘာမှထူးခြားတဲ့နိုင်ငံ ရေးလှုပ်ရှားမှုမဟုတ်ပါဘူး” အစည်းအဝေးတက်ရောက်ခဲ့သူ တိုင်းရင်းသားခေါင်း ဆောင်တစ် ယောက်မှပြောပြခြင်းဖြစ်သည်။ အစည်းဝေးတက်ရောက်လာသူခေါင်းဆောင်များမှစစ်ထောက် လှမ်းရေးအပေါ် ကိုယ်ထိလက်ရောက် ကျုးလွန်မှုများ မပြုလုပ်ခဲ့သော်လည်း လူငယ်အချို့မှ ကျုး ကျော်စော်ကားခဲ့သောစစ်ထောက်လှမ်းရေးအပေါ် ဒေါသထွက်လျှက်ရှိကြသည်။



“ကျွန်တော်တို့ကတော့ သူ့ကို မေးမြန်းစစ်ဆေးပြီး ပြန်လည်လွှတ်ပေးလိုက်ပါတယ် သူ့ကိုလည်းမင်းမြင်တဲ့အတိုင်းပဲ ငါတို့ရဲ့ဆွေးနွေးပွဲက မင်းတို့ရဲ့အစိုးရအကြောင်းမဟုတ်ဘူး ဆို ပြီး” ဆိုပြီး ၄င်းတိုင်းရင်းသား ခေါင်းဆောင်မှဆက်လက်ပြောကြား သွားပါသည်။

မြန်မာစစ်အစိုးရသည် ပြည်တွင်းရှိ ပြည်သူ့ကောင်းကျိုးများကို လုပ်ဆောင်နေသောခေါင်း ဆောင်များကို ဖမ်းဆီးပြီး မတရားနှစ်ရှည်ထောင်ဒဏ်များချမှတ်စီရင်လျှက်ရှိပြီး ပြည်ပတွင်နေထိုင် လျှက်ရှိကြသော မြန်မာပြည်သားများကိုလည်း ခြိမ်းခြောက်နှေင့်ယှက်မှုအမျိုးမျိုးကို ငွေကြေး အများအပြားသုံးစွဲကာ ဆောင်ရွက်နေသည်။ သတင်းမီဒီယာများ၊ ဘလော့ဂါ များ၊ ဖွံ့ဖြိုးရေးလုပ် ငန်းလုပ်ဆောင်နေသူများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အတိုက်ခံပါတီများကို သဲသဲမဲမဲ ဖြိုခွဲ တိုက်ခိုက်လျှက်ရှိသည်။

No comments: