Wednesday, November 19, 2008

ရဲချုပ်ခင်ရီ ပြည်ထဲရေး ဒု-၀န်ကြီးအဖြစ် တိုးမြှင့်ခံရ

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 19 2008

မြန်မာစစ်အစိုးရအတွင်း ရာထူး အပြောင်းအလဲများအား ယနေ့တွင် ပြုလုပ်လျက်ရှိရာ ရဲချုပ်ဖြစ်သူ ဗိုလ်မှူးချုပ်ခင်ရီအား ဒုတိယ ပြည်ထဲရေးဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်လိုက်ကြောင်း သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

နအဖ စစ်ခေါင်းဆောင်များ၏ ၄ လပတ် အစည်းအဝေးမှ နောက်ဆက်တွဲအဖြစ် ပေါ်ထွက်လာမည့် ရာထူး အပြောင်းအလဲများနှင့် ပတ်သက်ကာ ဆက်လက် တင်ပြသွားပါမည်။

No comments: