Friday, November 21, 2008

တရားမ၀င် လူကုန်ကူးသူ ၄ ဦး ကျောက်ဖြူတွင် ဖမ်းဆီးခံရ

Narinjara News

မောင်ရမ္မာ၊ ခိုင်မင်းမူ (နိရဉ္စရာ) ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် တရားမ၀င် လူကုန် ကူးသူလူ၎ ဦးကို လွန်ခဲ့သည့် အောက်တိုဘာလ နောက်ဆုံး ပတ်တွင် အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

မျက်မြင် တဦးက “အဖမ်းခံရတဲ့ လူတွေကတော့ ကျောက်ဖြူ သံဗ္ဗာန်ချောင်းမှာ ဆေးခန်းဖွင့်ထားတဲ့ မူဆလင် လင်မယား နှစ်ယောက်နဲ့ သူတို့နဲ့အပေါင်းပါ ရခိုင်လူမျိုး နှစ်ယောက် စုစုပေါင်း ၄ယောက်ပါ။ သူတို့ ကို အောက်တိုဘာလ နောက်ဆုံး အပတ်က ဖမ်းဆီးခေါ်ဆောင်သွားတာကို တွေ့လိုက်ရပါတယ်” ဟု မျက်မြင်တဦးက ပြောသည်။

ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူမြို့ တိုးချဲ့ရပ်ကွက်မှ မူဆလင်အမျိုးသမီး မလှခင်(သူနာပြု ဆရာမ)နှင့် သူမ၏ယောင်္ကျားဖြစ်သူ မူဆလင်မျိုးသား မောင်နီင်္၊ သမ္ပာန်ချောင်းရပ်ကွက်မှ မောင်မောင်တင်နှင့် အလယ်ပိုင်းရပ်ကွက်မှ ဖိုးသန်းတို့ဖြစ်ကြသည်။

သူတို့ကို မူဆလင်ဘာသာ ၀င်များကို ရန်ကုန်သို့ ပို့ပေးမှု ကြောင်း ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဖမ်းဆီးခံထားရသူများမှာ ရခိုင်ပြည်နယ်မှ မူဆလင် ဘာသာဝင် တဦးကို ရန်ကုန် အရောက် ပို့ပေးနိုင်လျှင် တဦးကို ၃သိန်းမှ ၅သိန်းထိရရှိပြီး မလေးရှားနိုင်ငံအရောက် ပို့ပေး နိုင်လျှင် ၁၀ သိန်းမှ ၁၅ သိန်းအထိ ရရှိကြောင်း သိရသည်။

ယခုကဲ့သို့ သူတို့အုပ်စုလိုက် ဖမ်းဆီးခံရခြင်းမှာ မူဆလင်အမျိုးသား မောင်နီနှင့် ဖိုးသန်းတို့ အချင်းချင်း အခြေအတင်စကားများရာမှ သဲလွန်စရသွားပြီး အာဏာပိုင်များ စစ်ဆေးရာမှ ယခုကဲ့သို့ အဖမ်းခံရခြင်း ဖြစ်ကြောင်း အဆိုပါ မျက်မြင်မှ ပြောသည်။

“သူတို့ဖွင့်ထားတဲ့ဆေးခန်းကို သွားရောက် စစ်ဆေး ကြည့်တဲ့အခါ လူကုန်ကူးပေးနေတဲ့ အထောက်အထားတွေနဲ့ သန္ဓေတားဆေးတွေ အပါအ၀င် တရားမ၀င် သန္ဓေဖျက်ပေးတဲ့ အထောက်အထားတွေကိုတွေ့ရပါတယ်။ အဲဒါကြောင့် သူတို့ကို တရားမ၀င် ကိုယ်ဝန်ဖျက် ချမှု၊ လူကုန်ကူးတဲ့ အမှုတွေနဲ့ အခုတရားစွဲဆိုထားပါတယ်၊ အမှုကိုတော့ မကြာခင် စစ်ဆေးတော့မယ်။”ဟု အမည်မဖေါ်လိုသူ ကျောက်ဖြူ ရဲအရာရှိတဦးက ပြောသည်။


No comments: