Wednesday, November 26, 2008

အားကျဖို့ ကောင်းလိုက်တာ

ရဲဘော် အောင်မင်းနိုင်(စစ်သည်ဟောင်း)


ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေ သတင်းကြားရတာ အားကျစရာကောင်းလိုက်တာ။ကြည့်လေ ထိုင်းနိုင်ငံမှာ လက်ရှိဝန်ကြီးချုပ်ကို ရာထူးက နေဆင်းပေးဖို့ ဆန္ဒပြနေတာ လချီကြာနေပြီဖြစ်တဲ့အပြင် လက်ရှိအချိန်မှာ ၀န်ကြီးချုပ်ရုံးကို ဆန္ဒပြသူတွေက ၀င်စီးထားတယ်လို့ သတင်းတွေမှာ မြင်ရကြားရပါတယ်။

ထိုင်းအစိုးရအဖွဲ့ ကို ပြည်သူတွေ မကြိုက်တာက ယခင်ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင် ရှင်နာဝပ်တရာ (မြန်မာအများစုကတော့ ခင်မောင် ဆယ်ပြားစေ့) နောက်လိုက် ဆိုပြီး မကြိုက်ကြတာလို့ ဆိုပါတယ်။

တပ်ဆင်ဆိုတာနဲ့ မြန်မာ အများစုက သိကြပြီးသားပါ။ ကျောင်းသားတွေ တိုးတိုးတိတ်တိတ် အမည်ပေးထားတဲ့ အန်တီ ခင်ခင်တွန့် (ဗိုလ်ချုပ်ကြီး ခင်ညွန့်) မိတ်ဆွေဟောင်းကြီးလေ။ သူတို့ နှစ်ယောက် လက်ဝါးရိုက်ပြီး ထိုင်းဘဏ်က ဘတ်ငွေ သန်း ခြောက်ထောင် (၆၀၀၀) ချေးမယ်။ အဲဒီငွေကို တပ်ဆင်ပိုင်တဲ့ ရှင်းကော်ပိုရေးရှင်းကနေ အီလက်ထရောနစ်ပစ္စည်း တွေဝယ်ရမယ်ဆိုပြီး နှစ်ပေါက်-တပေါက် စားကွက်ဖန်ကြတာ နှစ်နိုင်ငံအသိလေ။ အခု တပ်ဆင် ရာထူးပြုတ် ပြီးနောက်မှာ တရားအစွဲခံရတော့ အဲဒီအမှုလည်း ပါတယ်ပြောတယ်။

ဖြစ်ချင်တော့ ခင်မောင်ဆယ်ပြားစေ့က တရုတ်အိုလံပစ်ကို သွားမယ်ဆိုပြီး ပြန်မလာတော့ဘဲ တရုတ်ကနေ အင်္ဂလန်ကို ထွက်ပြေးပြီး ခိုလှုံခွင့် တောင်းသွားရောဗျာ။ ကောင်းလိုက်-လေးစား စရာကောင်းလိုက်တဲ့ နိုင်ငံခေါင်းဆောင်-စံနမူနာ ယူထိုက်ပါပေ့နော။

သူ့လုပ်ရပ်နောက်ဆက်တွဲက အခု တပ်ဆင် တပည့်ဖြစ်တဲ့ လက်ရှိဝန်ကြီးချုပ် စမတ် ရာထူး ကဆင်းပေးဖို့ တောင်းဆိုခံရတော့ တာပေါ့။ သူကလည်း ခေသူတော့မဟုတ်ဖူး၊လူ ၅ယောက် ထက် ပိုမစုရ တို့ ၊ ရဲအင်အားသုံးပြီး နှိပ်ကွပ် တာတို့ ၊ လူမိုက်ငှားပြီး ဆန္ဒပြသူတွေဖြိုခွဲတာတို့ လုပ်တာပေါ့ ၊ဘယ်နေလိမ့်မလဲ။ နှစ်ဖက် ဆော် ကြတီးကြတာ တယောက်ပွဲချင်းပြီးသေပြီး ၄၄ ယောက်အပြင်းအထန်ဒဏ်ရာတွေနဲ့  ဆေးရုံ ရောက်ကြရ တယ်။

စက်တင်ဘာ ၄ ရက်နေ့ ညကထင်ရဲ့ ၊ ၀န်ကြီး ချုပ် အိမ် ထိုင်းကျောင်းသားတွေ ချီတက်အသွား ဆိုက်ကယ်သမား ၂ ယောက်က သေနတ်နဲ့ ပစ် ထွက်ပြေးလို့ တယောက် ဒဏ်ရာရသွား သေး တယ်လို့ သတင်းတွေက အခိုင်အမာဆိုကြ တယ်။

အခု ၀န်ကြီးချုပ် စမတ်က စစ်တပ်ကို ၀င်ထိန်းဖို့ လိုလားတယ်။ ပြည်သူတွေကလည်း စစ်တပ်တပ်က အာဏာသိမ်းမယ်လို့ ပြောဆိုခန့် မှန်းနေကြ ပြန်တယ်။

ထိုင်း ထိပ်တန်းစစ်ခေါင်းဆောင် ၀န်စတန်နေရန်ပရန်တစ်က နိုငငံရေးမှာ စစပ်တပ်က ၀င်မရှုပ်ဖူး။ အာဏာ ၀င်မသိမ်းဖူးလို့ ၀၆-၀၉-၀၈ စနေနေ့ က တရားဝင် ကြေငြာသွားတယ်။

ထိုင်းစစ်တပ်က တိုင်းပြည်ကို အာဏာသိမ်းတာ အကြိမ် ၂၀ လုပ်ခဲ့ပြီးပေမယ့် လက်ရှိအချိန်မှာတော့ ၀န်ကြီးချုပ်စမတ်ရဲ့ အရှုပ်တော်ပုံမှာ ၀င်ပြီး ကြားချောင်နှိုက် အာဏာယူတာမျိုး သမိုင်းဆိုး လုပ်ချင်ပုံမရဘူး၊ ကိုင်း-အားကျဖို့ မကောင်းဖူးလား။

နောက်ပြီးတချိန်တည်းမှာပဲ ပါကစ္စတန်နိုင်ငံမှာလည်း စစ်တပ်ခေါင်းဆောင် မူရှာရက်ကို ခေါင်းဆောင်နေရာကထွက်စေပြီး ပြည်သူ့ခေါင်းဆောင် သမ္မသစ် တက်လာပြီ။ မူရှာရက် ၁၉၉၉ စစ်တပ်က အာဏာသိမ်းစဉ် ပထမဆုံးထောက်ခံအားပေးတာ ဘယ်သူထင်လဲ။ မြန်မာစစ်တအ်အစိုးရလေ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့် က ၀န်ကြီးချုပ်ဘ၀နဲ့ အပြေးအလွှား သွားထောက်ခံလိုက်သေးရဲ့ ။

ခုတော့ ဘယ်နှယ်ရှိပါစ။ သမိုင်းစာမျက်နှာမှာ မသူတော်တွေဖြစ်တဲ့ မြန်မာကဗိုလ်ချုပ်ကြီး ခင်ညွန့်လဲ သမိုင်းကွေးခဲ့ပြီ။ ထိုင်းဝန်ကြီးချုပ် တပ်ဆင် လဲ ပြည်သူတွေက အောကျောလန်၊ ပါကစ္စတန်ဝန်ကြီးသမ္မတဟောင်း ဗိုလ်ချုပ်ကြီး မူရှာရက်လည်း နောက်ကြာင်းပြန်အမှုတွေနဲ့  တရားစွဲတာက လွတ်ဖို့ ပြည်ပထွက်မယ်ဆိုတာတွေလဲ သတင်းထွက်နေပြန်တယ်။

ဒီမိုကရေစီစနစ်မှာ မသူတော်တွေ မြေကျဉ်းပြီး ပြည်သူတွေမင်းဆိုး နှိပ်စက်မှုရန်က လွတ်ကြ တာ၊ သူတို့ စစ်တပ်တွေ လူအသိရှိလိုက်ကြတာ အားကျစရာကောင်းလိုက်တာဗျာ။


No comments: