ရိုးမ ၃။ နိုဝင်ဘာ ၁၀၊ ၂၀၀၈
ဒီမိုကရက်တစ် ရဲဘော်ဟောင်းများ(မြန်မာနိုင်ငံ) နာယကဖြစ်သူ ဒေါ်နုနုအေးသည် ကျန်းမာရေးချို့ယွင်းမှု ကြောင့် ထိုင်း-မြန်မာ နယ်စပ်တွင် ယမန်နေ့က ကွယ်လွန်သွားသည်။
မယ်တော်ဆေးခန်းတွင် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများဖြင့် ဆေးကုသမှုခံယူနေစဉ် ယမန်နေ့ ညနေ ထိုင်းစံတော်ချိန် (၅) နာရီ၊ (၅၀) မိနစ်ခန့်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
ဒေါ်နုနုအေးသည် (၁၉၈၈)လူထုအရေးတော်ပုံကြီး စတင်သည့် ကာလမှာပင် တပ်မတော်(လေ)ကိုယ်စားပြု စစ်သမီးအဖြစ် ရာထူးတာဝန်များကို စွန့်လွှတ်ကာ ပြည်သူ့ဘက်မှ ရပ်တည်၍ တပါတီအာဏာရှင်စနစ် ကျဆုံး ရေးအတွက် အသက်ကိုပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။
စစ်အာဏာရှင်တော်လှန်ရေးအတွင်း (နအဖ)စစ်တပ်မှ ထွက်ပြေးလာသည့် ရဲဘော်များကို ပြန်လည်ပြုစု ပျိုးထောင်းရေးတာဝန်များကို နယ်စပ်ဒေသများတွင် ကွယ်လွန်ချိန်ထိ ထမ်းဆောင်နေရင်း အသက်(၇၀)နှစ် အရွက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ဒေါ်နုနုအေး၏ ဈာပနကို မဲဆောက်မြို့၊ မယ်ပတောရကျောင်းတွင်ထားရှိပြီး (၁၁.၁၁.၂၀၀၈) နေ့တွင် သင်္ဂြိုလ်မည်ဖြစ်သည်။
No comments:
Post a Comment