Wednesday, November 12, 2008

မြန်မာဝန်ကြီးချုပ် ဘင်းစတက်သို့ တက်ရောက်မည်

မဇ္ဈိမသတင်းဌာန

နယူးဒေလီ။ ။ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် နယူးဒေလီတွင် ပြုလုပ်မည့် ဒုတိယအကြိမ် ဒေသတွင်း ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။

နိဝင်ဘာ ၁၃ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မြို့တော်တွင် ပြုလုပ်မည့် ဘင်းစတက် ခေါ် ဘင်္ဂလားပင်လယ်အော် ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်ကို တက်ရောက်မည် ဖြစ်သည်။

ထိုအဖွဲ့တွင် မြန်မာနှင့်အတူ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ထိုင်း၊ နီပေါနှင့် ဘူတန်တို ပါဝင်သည်။

No comments: