Monday, November 3, 2008

ဘင်္ဂလာဒေခ်ျ့ ရေတပ်သင်္ဘောများကို ရေပြင်ပိုက်နက် အငြင်းပွာရာ နေရာသို့ စေလွှတ်လိုက်ပြီ

Narinjara News


ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ ရေတပ်သင်္ဘောသုံးစီးကို မြန်မာနှင့်ရေပြင်ပိုင်နက် အငြင်းပွားရာ နေရာသို့ စေလွှတ်လိုက်ပြီဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံခြာရေး ၀န်ကြီးဌာနက ထုတ်ဖေါ် ပြောကြားသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေအတွင်းဝန်က “မိမိတို့ ရေပြင်ပိုင်နက်ကို မိမိတို့ကာကွယ်ဖို့ ဖြစ်ပါတယ်။ ခုဖြစ်နေတဲ့ ပြဿနာကို မြန်မာနိုင်ငံနဲ့ ငြိမ်းငြိမ်းချမ်း ဖြေရှင်းလိုပါတယ်။” ဟု ယမန်နေ့က ပြောသည်။

စေလွှတ်လိုက်သော သင်္ဘော ၃ စီးမှာ Bangladesh--BNS Abu Bakar သင်္ဘော BNS Madhumati သင်္ဘောနှင့် BNS Nirvoy တို့ဖြစ်သည်။

ယခုကဲ့သို့ ဘင်္ဂလာဒေခ်ျ့မှ ရေတပ်သင်္ဘောများကို စေလွှတ်ရခြင်းမှာ မြန်မာဘက်က ရေတပ်သင်္ဘောများခြံရံပြီး ဘင်္ဂလာဒေခ်ျ့ ရေပြင်ပိုင်နက်တွင် သဘာဝဓါတ်ငွေ့များကို ရှာဖွေနေခြင်းကြောင့် ဖြစ်သည်ဟု ဘင်္ဂလာတာဝန်ရှိသူများက ပြောသည်။

ယခု မြန်မာဘက်က ၀င်ရောက် ဂတ်စ် ရှာဖွေနေသော နေရာမှာ နတ်မြစ်ဝတွင် တည်ရှိသော ရှင်မဖြူကျွန်းမှ အနောက်ဘက် မိုင် ၆၀ အကွာတွင် ဖြစ်သည်။

မြန်မာဘက်က စစ်သင်္ဘောများသည် ဘင်္ဂလာရေတပ်သင်္ဘောများ သတိပေးနေသည့်ကြားမှ ဘင်္ဂလာဒေခ်ျ့ ရေပြင်ပိုင်နက်အတွင်းသို့ ပြောင်းပြောင်းတင်းတင်း ၀င်ရောက်လာပြီး ဂတ်စ်ရှာဖွေမှုများ ပြုလုပ်နေသည်ဟု ဘင်္ဂလာက စွပ်စွဲထားသည်။

ဘင်္ဂလာဒေခ်ျ့ဘက်မှ ဗိုလ်ချုပ်ကြီးမောင်အေး လွန်ခဲ့သောလက ပြုလုပ်ခဲ့သော ခရီးစဉ်အတွင်း ရေပြင်ပိုင်နက် အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် တောင်းဆိုခဲ့ပြီး ယခုကဲ့သို့ အဆိုပြုနေစဉ် အတွင်း မြန်မာ ရေတပ်သင်္ဘောများက ဂတ်စ် ရှာဖွေရန် ဘင်္ဂလာပိုင်နက်သို့ ကျူးကျော် ၀င်ရောက်လာသဖြင့် ဘင်္ဂလာ အာဏာပိုင်များကို အထူးမကျေနပ်မှုကို ဖြစ်ပေါ် စေခဲ့သည်ဟု လေ့လာသူ တဦးက ပြောသည်။

ယခုအခါ မြန်မာရေတပ်သင်္ဘောများနှင့် ဘင်္ဂလာ ရေတပ်သင်္ဘောများမှာ ပင်လယ်ပြင်တွင် တဘက်နှင့် တဘက် ရန်စောင်နေပြီး အချိန်မရွှေး ပေါက်ကွဲနိုင်သည်ဟု စစ်တကောင်း သတင်းရပ်ကွက် တခုက ပြောဆိုသည်။

သို့သော်လည်း ဘင်္ဂလာဒေခ်ျ့ ရေတပ်အရာရှိများက မြန်မာရေတပ် အရာရှိများနှင့် ငြိမ်းချမ်းစွာ ဆွေးနွေးရန် အဆက်အသွယ်ပြုလုပ်နေကြာင်း သတင်းများက ပြောသည်။


No comments: